Wednesday, January 21, 2015

တစ်ခါတုန်းကပေါ့နော်
ဆေးတက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ
အရမ်းမာနကြီးတဲကောင်မလေးတစ်ယောက် ရှိတယ်

အပြုံးမဲ့တယ်လို့လူတစ်ကာတွေထင်မြင်ချက်မျာစွာနဲ့ပြောနေကြတဲ့မာနမင်းသမီးလေး

သူဟာဘာလိုများမာန ကြီးရတာလည်းသူဟာဘာလိုဒီလောက်တောင်အေးစက်ရတာလဲ လူတိုင်း ဟာသူကို့ နားမလည်ကြဘူး
အဲဒီ မာနမင်းသမီလေးကိုတစ်ဖက်သက်အဖြစ်
ကြိတ်မှိတ်ချစ်နေ တဲ့ကောင်လေးတစ်ယောက် ရှိတယ် အဲဒီကောင်လေးကောင်မလေးကိုချစ်နေခဲ့တာဘယ်လောက်ကြာပြီလဲဆိုတာမသိဘူး  ကောင်မလေးအနားလဲ
မကပ်ရဲဘဲတစ်ဖက်သက်အချစ်သာဖြစ်နေတာပေါ့လူတစ်ကာတွေသူ့ ကိုဘယ်လောက်တောင်မုန်းစရာကောင်း
တယ်လို့ပြောကြပါစေ သူကတောသူ့ ကိုဘယ်လိုမှ.မုန်းမရပဲအရမ်းဘဲချစ်နေရှာတယ်....
ကောင်လေးဟာ.ကောင်မလေးကို...စကားပြောခွင့်မရနိုင်ဘူးမျက်နာချင်းဆိုင်တောင်
မတွေ့ရဲပါဘူး သူ့ နားကို ကပ်နေတဲ့ ကောင်လေးတွေလို ဖြစ်ပီး...အမုန်းခံရမှာကို မလိုအပ်ဘူးလေ...
ဒါပေမယ့်....
ကောင်လေးကတော့ကျောင်းတက်ချိန်နဲ့ကျောင်းဆင်းချိန်လေးကိုအမြဲတမ်း.သူကွယ်ရာကနေ
သူမျက်နာလေးကို ခိုးကြည့်နေခဲမိတယ်...တစ်နေ့မှာမိုးတွေကရွာလေတွေကတိုက် မိုးထဲလေထဲမလို့ကောင်မလေးကိုစိုးရိမ်နေမိတယ် အဲဒီအချိန်မှာဘဲသူ့ရဲ့ရှေ့ကစကားသံတွေဆဲသံတွေဗလုံဗထွေးသံတွေနဲ့မပြီမပြင်မှုန်ဝါးဝါးကိုမြင်ရလို့ဘာများဖြစ်
တာပါလိမ့်ဆိုပြီးလျောက်ပြီးလာကြည့်တယ် ကြည့်လိုက်တော့မှသူမျော်လင့်နေတဲ့ကောင်မလေးမြေပေါ်ကိုလဲ
လျောင်းနေတာကိုတွေ့လိုက်ရတယ် ခါတိုင်းလိုပဲ.....ကောင်လေးတွေကို...ရည်းစားစကား အပြောမခံတော့ဝိုင်းဆဲကြတာ ဖြစ်လိမ့်မယ်...ကောင်မလေးအနားကိုပြေးသွားပြီး နင်ဘာလို ငြိမ်နေတာလဲအနိုင်ကျင့်နေမှန်းသိရဲနဲနင့်သူငယ်ချင်းတွေကိုဘာလိုမအော်တာလဲ.
ကောင်လေးဟာသူ့ ကိုစိုးရိမ်စိတ်ကလေးနဲ.ပြောလိုက်မိတယ်. ပီးတော့.ကောင်မလေး ခေါင်းပေါ်မှာ ရေတွေ.စိုနေတာကို တွေတော
ကောင်လေးဟာ...အိပ်ထဲက ပဝါလေးကိုထုပ်ပီး “ရောနင့်ခေါင်းပေါ်ကရေတွေသုတ်လိုက်နော်.....””
အဲဒီအချိန်မှာကောင်မလေးဟာ.သူ့ ဖက်လှည့်လာပီးကောင်လေးကိုအချိန်ကြာမြင့်စွာ.ကြည့်နေမိတယ်....
သူရဲ အကြည့်ကတော်တော်ချစ်စရာကောင်းပါတယ်အချိန်ကြာမြင့်စွာတွေချင်နေခဲ့တဲလူတစ်ယောက် ကို...
ကြည့်နေတဲ...အကြ့ည့်မျိုးလေးပါ
““ငါ့ကိုဘာလို..ဒီလောက်တောင်စိုက်ကြည့်နေတာပါလိမ့်..ကောင်လေးဟာ..နားမလည်တော့ဘူးခဏကြာ....
“ကောင်မလေး...ငါပြောတာကို ကြားလား””
ဒီတော့မှ ကောင်မလေးဟာကပျာကယာသူ့ လက်ထဲကပဝါလေးကိုယူလိုက်ပီးသူ့ ရဲရှေးကခပ်သွက်သွက်
ရှောက်သွားတောတယ် ဘာစကားမှ မပြောခဲ့ဘူး....ဒီအဖြစ်ပျက်လေးကို တွေပီးတော ကောင်လေးဟာအရမ်းပီတိဖြစ်ပြီးပျော်သလိုလို.
ရင်ထဲမှာပဲ ကျေနပ်နေမိတယ် သူရဲ.ပဝါလေးကို လက်ခံလိုက်လို ပေါ့နော်ကောင်မလေးရယ်...ဒီနေ့လည်း ကြည့်ခွင့်ရသလို..မနက်ဖြန်လည်း ကြည့်ခွင့်ရချင်မိတယ်ဟာ မနက်ဖြန်ရှိနေသရွေ့  နင့်ကို ချစ်ပါရစေကောင်မလေးရယ်.ကောင်လေးရဲ နှလုံးသားက တောင်းဆိုလာခဲပီ...ရင်နင့်မတတ်ခံစားနေရရှာပီ..
ကျောင်းဆင်းချိန်လေးကိုအမြဲတမ်းစောင့်မျော်နေခဲမိ တယ်ကောင်လေးက...
သူကို ကြည့်သလို ကောင်မလေးကလည်းသူကို မျက်ဝန်းချင်းဆုံပီးတစ်ယောက်ကိုတစ်ယောက်
အချိန်အနည်းငယ်ကြည့်ဖြစ်မိတဲ...ရက်တွေလည်း..များသထက်များလာခဲပါပီ...
သမင်လည်ပြန်ကြည့်ခဲကြတဲ ရက်စွဲတွေဟာလည်းမနည်းတောပါဘူး
.ဒီလိုနဲပဲ..........................
မြန်ဆန်လွန်းတဲ....အဖြစ်ပျက်တွေကို....
မထင်မှတ်တဲ့နေ့တစ်နေ့ မှာ...ကောင်လေးဟာ..ကောင်မလေးကို .. စောင့်နေတုန်း....
ခေါင်းတွေ...တအားမူးလာပီ...မျက်လုံးတွေက ပြာဝင်းလာခဲတယ်.ချွေးတွေက.တားမရယိုစီးလာပီ...
နောက်ဆုံးတောခံနိုင်ရည်မရှိတော့ မထင်မှတ်ပဲ.အဲဒီနေရာလေးမှာတင်...သတိလစ်ပြီးမူးလဲသွားတယ်
ကောင်လေးသတိပြန်ရလာတယ် သူသိပြန်ရတော့အချိန်ဘယ်လာက်ကြာသွားလဲဆိုတာသူမသိဘူး
သူ့အနားကိုကြည့်လိုက်တော့သူ့အမေငိုနေတာကိုတွေ့လိုက်ရတယ် ((ကောင်လေး)).....အမေဘာလိုငိုနေတာလဲဟင့်...သားဘာမှ မဖြစ်ဘူးမငိုနဲ့ နော် အမေ......
((အမေ)).....သား...နိုးလာပီလား.......
ကောင်လေး အမေကအဲလိုပြောကာ.ကောင်လေး နဖူးလေးကို...ညှင်သာစွာ ပွတ်သတ်ပီး...
ဆက်ပီးတော့...ငိုနေတော့တယ်.....
ကောင်လေးကတော...ဘာမှ နားမလည်တောဘူး....
အမေ ဒီလောက်တောင် ဘာလို များငိုနေရတာလဲ......
((ကောင်လေး..))...အမေ ..ဘာလိုဒီလောက်တောင် ငိုနေရတာလဲ...
သားနေကောင်းနေပြီလေ.အမေရဲ့....တိတ်တော့နော်....
ဒါနဲ့.အမေ...သားဒီဆေးရုံမှာ...ဘယ်နှစ်နာရီလောက်ရှိပီလဲဟင်
((အမေ))..... သားရယ်....နှစ်နာရီမဟုတ်ပါဘူး.နှစ်ရက်ပြည့်ပြီ.သားရယ်....
သူ့ အမေစကားကြောင်း ..တုန်လှုပ်ခဲ့ရတယ်..နှစ်ရက်တောင် ...ရှိနေပါပြီလား.....
“““ကောင်မလေးရယ်....နင်များကောင်းရဲလား....သိပ်သတိရတာပဲဟာ.....”””””
ဆက်ပီးတော.
 ((ကောင်လေး)).....ဒါနဲ အမေ...သားဘာဖြစ်တာလဲဟင်...
ထိုစကားကြောင်း အမေလုပ်သူဟာဖျတ်ခနဲမျက်နာပျက်သွားတယ်....
ပြီးတော့ကပျာ ကယာ ဆက်ပြောတယ်....
((အမေ)).....သြော်..သားရယ်...ဘာမှ မဖြစ်ပါဘူး.သားဘာမှ မဖြစ်ဘူးနော်....
 မျက်ရည်..တန်းလန်းနဲ ပြောလာတဲ...အမေ့စကားကို သူမယုံပါ....ဘာမှ မဖြစ်ဘူးလိုလည်းပြောတယ်....
အမေဟာ ...ဘာလို ဒီလောက်တောင် ငိုနေရတာလဲခဏ အကြာ....
ဆရာဝန်း...အခန်းထဲသို ရောက်လာခဲပြန်တယ် ပြီးတော့ ဆရာဝန်ကြီးဝင်လာတာမလို့ အမေအပြင်ခဏ
ထွတ်ပေးပါတယ်  ဒီတောမှ.. သူ့ ကိုစမ်းသတ်ကြည့်တယ်....
ဒီလိုနဲ...
(ဆရာဝန်.)...သက်သာရဲလား.
(ကောင်လေး)....ဟုတ်သက်သာနေပါပီ...ဒါနဲဆရာ..ကျွန်တော် တစ်ခုလောက်မေးချင်တယ်.
ကျွန်တော် ဘာဖြစ်တာလဲ.ဆရာ...မှန်မှန်ပြောပြပါနော်ဆရာ  ကျေးဇူးပြုပြီးတော့
ကောင်လေးစကားကြောင်း ဆရာဝန်...ဟာ..
သက်ပြင်းတစ်ချက်ချလိုက်ပီး...
သူ့ နှဖူးလေးကို...လာကိုင်ကာ...
ဆက်ပြောတယ်...
(ဆရာဝန်)။။။ကောင်လေး...မင်းအမေအဖေတွေက...ဒီစကားကို ...မပြောပါနဲ့တဲ..
ဒါပေမယ့်...မပြောလိုတော..မရပါဘူး..ကောင်လေးတကယ်တော...မင်းဟာ...ကံစီမန်ရာ..ဖြစ်နေပီ...
ကောင်လေးမင်းကံကောင်းပါစေ...ဆိုပီးတော.ဆရာဝန်ကြီးက..သူ့ လက်ထဲသို့ စာတစ်စောင်ထည့်ပေးခဲတယ်
ဒီလိုနဲ....ကောင်လေး ဟာ..အဲဒီစာကို...ကပျာကယာ ဖတ်လိုက်မိတယ်
လွတ်ကျသွားတဲ...စာရွက်ကိုတောင်သတိမထားမိလိုက်ပါဘူး..တုန်လှူပ်ဖွယ်...မြင်ကွင်းတွေကို
 တွေမြင်လိုက်ရတယ်သူ မျော်လင့်ချက်တွေ....အားလုံးလုံးပျက်စီးကုန်ပြီ
တကယ်တော့...
ကောင်လေးဟာ....နောက်တစ်ပတ်ပဲအသက်ရှင်သန်ခွင့်ရတော့မှာပါ...ဖြစ်ချင်တော့
.ကောင်လေးရဲ...ကျောက်ကပ်နှစ်ဖက်လုံးဟာလုံးဝပျက်ဆီး.သွားလိုဘဲ တစ်ဖက် အကောင်းဆိုရင်လည်း...တစ်ဖက်နဲပဲ...ရှင်သန်ခွင့်ရနိုင်ပါသေးတယ်...
ကောင်လေးဟာကံဆိုပြီးကျောက်ကပ်နှစ်ခုလုံးပျက်စီးပြီးမှသိရတယ်
တစ်ပတ် အတွင်း...ကျောက်ကပ် အလှူရှင်မရခဲ့ရင်...ကောင်လေးကံဆိုးမိုးမှောင်ကျမှာ
ငါသေရတော့မှာ ပါလား.....စီးကျနေတဲ...မျက်ရည်တွေ...
တားဆီးမရတော့ပါဘူး..အဲဒီ အချိန်မှာပဲ.....ကောင်လေးဟာ.
 ဆရာဝန်းကြီးဆီက. ဘောပင် နဲ့ .စာရွက်ကလေးတစ်ရွက်အလျင်စလိုတောင်းပြီး
စာကလေးတစ်စောင်....ရေးဖြစ်အောင်...ရေးမိတော့တယ်....

သူရေးတဲ...စာလေးမှာ....
 ကောင်မလေးရယ်....
...ကျောင်းတက်ချိန်နဲ...ကျောင်းဆင်းချိန်မှာ...စောင့်မျော်ခဲ့တဲ...ရက်တွေဟာ...
2နှစ်နဲ...27ရက်ရှိခဲ့ပါတယ်...
ငါ့ အတွက်...နင်နဲဆုံတွေခွင့်ဟာ..အဲလောက်ပါပဲ..ကောင်မလေးရယ်
 ငါနင့်ကို သိပ်ချစ်တာပဲ..ဟာ...
နင့်အနားက.တစ်ဖဝါးမှ မခွာချင်တဲ့ငါဟာ..
နင်နဲ...အဝေးဆုံးကိုသွားရတော့မယ်ကာင်မလေးရယ်..
ဒီဘဝမှာ...ဒီစာလေးနဲပဲ....နင့်ကို...ချစ်ပါတယ်လို....ပြောပိုင်ခွင့်ရခဲ့တာ
ငါဟာကျေနပ်ပါတယ်...ကောင်မလေးရယ်....
နင့်ရဲ့ ကျန်းမာ.ရေးကိုဂရုစိုက်နော်အစစရာရာ...အဆင်ပြေအောင်နေနော်.....
သိပ်ချစ်တယ်ကောင်မလေးရယ်.........
စာကလေးကို ခေါက်ပီး..အနားက ဆရာဝန်လေးကို ခေါ်ပြီး.အကူညီတောင်းလိုက်ပါတယ်...
((ဆရာ...ဒီစာလေးကို...အမှတ် (...) ဆေးတက္ကသိုလ်..မာန ..မင်းသမီးလေးကို ပေးပေးပါနော်....)))...
မျက်လုံးတွေက...
ထပ်မံ ပွင့်လာခဲပြန်တယ်.....
(..ဟင်.).ငါမသေသေးပါလား...
ကောင်လေး ....မျက်လုံးတွေပွင့်လာခဲ့ပြီး အနီးသို့  ထပ်မံကြည့်ပြန်လည်း....
အဲဒီအခန်း....ဆေးရုံမှာ ....ရှိပြန်သေးတယ်...
““ ငါဘာဖြစ်တာပါလိမ့်. ငါသေပီမဟုတ်လား...””
ကောင်လေးဟာသတိ၇လာတော့အရာရာကို နားမလည်တောဘူး....
  အနားသို့ သိုင်းဝိုင်းကြည့်လိုက်တော့ သူ့ ရဲ အမေ...... 
 ((ကောင်လေး...))...အမေ သားမသေဘူးလားဟင်
 ((အမေ))....သားရယ်...
ဆိုပြီးတော့.ပြောရင်းဆိုရင်းကောင်လေးအမေကပစ္စည်းတစ်ခု..ကောင်လေးကို...ထုတ်ပေးလိုက်တယ်....
  ပြီးတော့ပြောရင်းဆိုရင်အခန်းထဲကထွတ်သွားတယ်
ဘာများပါလိမ့်လို.့...နားမလည်စွာ အမေ ပေးခဲတဲ..ပစ္စည်းလေးကို... အသာကလေး ဖွင့်ကြည့်လိုက်တော..သူအံ့သြသွားတယ်
တစ်ချိန်က ..ကောင်မလေး မိုးရေထဲမှာ...
လဲနေတုန်း...ပေးခဲတဲ...သူ့ ရဲ...ပဝါလေးမလို့ သူအံသြသင့်စွာ...
ပဝါကလေးသို.ထပ်မံ..ဖွင့်ကြည့်လိုက်တော...အထဲမှာ..
စာကလေးတစ်စောင့်   စာထဲမှာ.........
♥♥ ကောင်လေးရယ်...
အသိမပေးပဲနင်ဟာငါ့ကို..ချစ်ခဲ့တယ်....
အသိမပေးပဲ...နင်ဟာ...လောကကြီးက..ထွက်သွားမှာလားဟာ...
နင့်ကို...ငါဟာ...2နှစ်နဲ..27 ရက်သာတွေဆုံခဲ့ရတယ်...
တွေဆုံခဲဖူးတဲ နေ့ ရက်တိုင်မှာ...
ငါဟာ..အလူးလဲရင်ခုန်ရပြီး..အလူးလဲချစ်နေခဲ့မိတယ် ကောင်လေးရယ်...
မာန မကြီးတတ်တဲ့ငါဟာ...ကောင်လေးတွေအတွက်နဲ....လူတိုင်းကို..ငါဟာမာနထားခဲ့တယ်..
တစ်ကျောင်းလုံးမှာ...အမုန်းခံခဲ့တယ်..လောကမှာ..မာနကြီးကြတဲကောင်မလေးတွေမှာ..
တကယ်တော့ အရမ်းချစ်တတ်တဲ..နှလုံးသားတွေလည်း..သူတို့ဆီမှာ...ပိုင်ဆိုင်ကြပါတယ် ဟာ..
တကယ်တော...
ငါ့ရဲ နူးညံ့တဲ့.နှလုံးသားလေးကိုနင်သာအပိုင်ယူသွားတာပါ
ငါဟာ သေပျော်ပါပီ.....
ငါနဲ..မတွေ့ရတဲ...မနက်ဖြန်တိုင်းမှာနင်အစစရာရာဂရုစိုက်ရမယ်နော်....
ကောင်လေးရယ်..... :'(♥
စာဆုံးတော...
သူဟာနားမလည်စွာပဲအနီးနားက...ဆရာဝန်ကို
((ကောင်လေး))...ဆရာ...ဆရာ...
ဒီစာကို ရေးခဲ့တဲ့ ကောင်မလေးကော..ဘယ်မှာလဲ..ဘယ်မှာလဲဆရာ..
ဆရာဝန်ကြီးက...သက်ပြင်းတွေချပြီးတော့
((ဆရာဝန်ကြီး)).....ကောင်လေး...ဆရာ စကားကို ငြိမ်ငြိမ်လေးနားထောင်ပေးနော်...
ကောင်လေးရဲ့..နောက်ဆုံးနေ့ မှာ...
ကောင်မလေးတစ်ယောက်......ဆေးရုံသို ရောက်လာခဲ့တယ်...
ပြီးတော့  မင်းကိုဖက်ပီးတော့...သူ့ ခမျာ တအားငိုယိုရှာတယ်..
ပြီးတော့.ခုချက်ချင်း...ညီမကျောက်ကပ်ကို..ကောင်လေးကို...လှူပေးပါတဲအတင်းပဲ..ပုဆာရှာတယ်...
ဒီလိုနဲ...ဆရာကလည်း...သူ့ ကိုဓာတ်မှန်ရိုက်ကြည့်ပါသေးတယ်..
ကံဆိုးပြန်တော့...အဲဒီကောင်မလေးခမျာမှာ...
ကျောက်ကပ် တစ်လုံးတည်းနဲ့အသက်ရှင်နေတဲ့သူ
ဆရာကလည်း...သူ့ ကို...အကြိမ်ကြိမ်ပြောပါသေးတယ်...
ညီမမှာ...ဒီကျောက်ကပ်ကို...လှူလို မဖြစ်ဘူးလို့တကယ်လို လှူလိုက်ရင်..ညီမသေမှာလေ....
ဒါပေမယ့်သူကမရဘူးအတင်းပူဆာရှာတယ်.....နောက်ဆုံးတော့ကောင်မလေးက
. သူ့ လည်ပင်း သူ ဓားထောက်ပီးတော..
““ ညီမကျောက်ကပ်ကို သူ့ ကိုမလှူပေးရင်ခုချက်ချင်းသတ်သေလိုက်မယ်ဆရာ...:'(”””
သူ့ ခမျာတအားငိုယိုပြီးဆရာတို့ ကို ခြိမ်းခြောက်လာတယ်ဆရာတို့လည်း...ဘယ်လိုမှ မတတ်နိုင်တော့ဘူး.
လူနှစ်ယောက်မှာ...တစ်ယောက်ယောက်တော့.သေဆုံးရတော့မယ်...
အမှားအမှန်ကို.....ခွဲခြားမယ့်...အချိန်တောင် မရလိုက်ပါဘူးသူ့ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ရတယ်ကောင်လေးရယ်...
တကယ်ချစ်လာပြီဆိုရင် အရာရာတိုင်းကိုပေးဆပ်ဖိုးဆိုတာ ဝန်မလေး ကြတော့ပါဘူး ချစ်တဲ့သူတိုင်းထာဝရ ပေါင်းသင်းကြပါစေ...
                                                                         

 
 

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home