Sunday, October 18, 2015

ဒသနှင့်ရာမ အချစ်ပြိုင်ပွဲ

တကယ်တော့ ဒသဂီရိ ဟာ Viber ကိုပဲစွဲမြဲစွာသုံးစွဲခဲ့သူပါ..တနေ့တော့ group chat ထဲမှာ မယ်သီတာရဲ့ FB profile photo link ကိုမထင်မှတ်ပဲ တွေ့ပြီးစွဲလန်းခဲ့ရသူပေါ့...သူ..FBပြောင်းသုံးပြီးလိုက်ရှာခဲ့ပါတယ်..ဖြစ်ချင်တော့..မယ်သီတာဟာ FB ပေါ်မှာ Like အရမ်းရတဲ့ မိန်းခလေးတစ်ယောက်ပေါ့..နောက်ပြီး သူ့ကိုလိုချင်သူတွေကလည်း ၀ိုင်းဝိုင်းလည်နေချိန်..ပေါ့...,အဲဒီအချိန်မှာ သူ့အဖေက မယ်သီတာကိုလိုချင်ရင် upload တင်ပွဲကျင်းပပြီး ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုပြီး ကြေငြာလိုက်ပါတယ်...ဒသဂီရိက အဲ့ဒီသတင်းလည်းကြားရော...မယ်သီတာရှိတဲ့မြို့ကိုလက်သုံးတော် i phone ကိုင်ပြီး အပြေးရောက်လာခဲ့ပါတာပေါ့...,upload ပြိုင်ပွဲ....ပြိုင်ပွဲမှာvideo file တခု upload တင်ပြရတယ်...ဒီပွဲကိုရာမမင်းသားဝင်ပြိုင်ခဲ့တယ်...ဒီပွဲမှာ ဒသဂီရိ ရူံးခဲ့ရပါတယ်..,ပြိုင်ပွဲချိန်မှာ mpt လိုင်းကျသွားခဲ့တာကြောင့်ပါ...ရာမမင်းသားက လက်တော့ တလုံးနဲ့ Wifi Free ကနေ upload တင်သွားပြီးအနိုင်ရသွားခဲ့တာပါ..ဒသဂီရိက အတော်ကို Mpt ကို ခံပြင်းသွားပါတယ်..မယ်သီတာ့ကိုမရတာ mpt ရဲ့ စနက်ကြောင့်ကိုး...,အဲတာနဲ့..ဒသဂီရိ ဟာ ရာမမင်းသား gtalk သုံးနေချိန် အလစ်ကိုစောင့်ပြီး..မယ်သီတာ့ Fb acc ကို ၀င် hack ပါတော့တယ်...,hack လည်းရရော..sequ 7 ထပ်ချထားလိုက်ပါတော့တယ်..,မယ်သီတာကလည်းပြောပါတယ်..''ဒီမယ် ဒသဂီရိ ''acc ကို hack လို့ရသွားပေမဲ့..ငါ့ profile photo တော့ မထိနဲ့ဆိုပြီး..ပြန် ခြိမ်းခြောက်လိုက်လိုက်ပါတယ်...ဒသ ဟာ သစ္စာ ကြီးသူပါ..ဒသ ဟာ အချစ်ကြီးသူပါ...မယ်သီတာ့ handset ကို တစ်စက်မှ ထိမကြည့်ပါဘူး...,အဲလိုနဲ့ ဘာဆက်ရေးရမှန်းလည်းမသိတော့ပါဘူး..ဘာလို့ အစအဆုံးဖတ်နေတာလဲ..ဟင်!!!! မိုက်တယ် ဇက်သိမ်းမှာတော့ ဒသက မယ်သီတာကို အရစ်ကျဝယ်ထားတဲ့ကားလေးနဲ့တင်ပြီးခိုးပြေး ချိန်မှာ ရန်ကုန်မြို့ထဲရောက်တော့ လမ်းမှာ ကားလမ်းတွေပိတ်နေလို့ ရာမတို့လိုက်လို့မှီသွားပြီး ရာမနဲ့ဒသတို့ dota ခုတ်ပြီး မယ်သီတာကိုလုကျရှာသတည့်ကွယ်......မယ်သီတာကိုလုဖို့ dota ခုတ်တာကလည်း ရာဇဝင်နဲ့မောင် ရာမ ကcreeps တားတယ် tower ခိုးချိုးတယ် ဒါပေမဲ့ဘယ်ရမလည်း ဒဿသကဆရာကြီးမောင် အဲ့ပွဲမှာ ရာမက ဒဿသကိုနိုင်ဖို့မဖြစ်နိုင်ဘူးပေါ့ နောက်ဆုံးကြံရာမရတော့ ရာမက pc ကိုခြေမနဲ့ထိုးတော့ window ကျပြီး စကားများကြတာပေါ့ ဒါပေမဲ့ဘယ်ရမလည်း ဒဿက ခေါင်း ၈ လုံးအပိုပါတော့ ဘယ်နိုင်မလည်း.....ဒုတိယပိုင်းမျော်

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home