နင်နဲ့လမ်းခွဲခဲ့တဲ့နေ့ကို ငါမမှတ်မိဘူး
နင် နဲ့ စတွေ့ခဲ့တဲ့ နေ့လေးပဲ ငါမှတ်မိတယ်
နင်တစ်စုံတယောက်ကြောင့်အသဲကွဲခဲ့တာတွေ ငါမမှတ်မိဘူး
နင့်ရင်ထဲ ငါရောက်လာပြီ လို့နင်ပြောခဲ့တာတွေပဲ ငါမှတ်မိတယ်
နင်ငါ့ကိုအဆက်အသွယ်မလုပ်တဲ့နေ့တွေ ငါမမှတ်မိဘူး
နင်ဖုန်းတွေတဂျီဂျီ ခေါ်တတ်တဲ့ နေ့တွေကို ပဲ ငါမှတ်မိတယ်
နင်ငါ့ကိုစိတ်ဆိုးနေခဲ့တဲ့နေ့တွေကို ငါမမှတ်မိဘူး
နင်ငါ့ကို ဂရုစိုက်ကြင်နာခဲ့တဲ့ရက်စွဲတွေပဲ ငါမှတ်မိတယ်
နင်ငါ့ကို မေ့သွားတဲ့အချိန်တွေကို ငါမမှတ်မိဘူး
နင် သတိရလိုက်တာ လို့ပြောခဲ့တဲ့နေ့တွေပဲ ငါမှတ်မိတယ်
နင်ငါ့ကိုစိမ်းကားလာတာတွေ ငါမမှတ်မိဘူး
ငါမရှိရင်မဖြစ်ဘူး လို့ နင်ပြောခဲ့ဖူးတာတွေပဲ ငါမှတ်မိတယ်
နင်မေ့လိုက်တော့လို့ပြောခဲ့တဲ့နေ့ကို ငါမမှတ်မိဘူး
နင် ချစ်တယ်လို့ပြောတဲ့ နေ့လေးပဲ ငါမှတ်မိတယ်
င့ါနှလုံးသား က နင်နဲ့ ချစ်ခဲ့တဲ့အကြောင်းအရာတွေကိုပဲမှတ်မိတယ်
ရက်စက်ခဲ့တဲ့နင့်အကြောင်းတွေ မမှတ်မိနိုင်လောက်အောင်ကို...
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home