Saturday, May 16, 2015

ချစ်သူ
ငါ့မျက်ဝန်းထဲကအချစ်စကားတွေသာ
မင်းဖတ်တက်မယ်ဆိုရင်
ငါအရမ်းချစ်တာကို
မင်းသိမှာပါ...........

အချစ်ဟူသည် ...
ပူလောင်ပြင်းပြ ထိရှကြေးဆိုလျှင်
နှလုံးသားကမွေးဖွားရာ အေးမြတဲ့မေတ္တာစစ်
နူးညံ့တဲ့ရင်ခွင်မှာ ဘယ်ရှင်သန်ခွင့်ရှိမလဲ။


နာကျည်းမှုတစ်ခုအတွက်
အချစ်ကိုမနှစ်မြို့ နှလုံးသားကိုအပြစ်ဖို့ကြေးဆိုလျှင်
အချစ်အတွက်ပေးဆပ် လေးနက်တဲ့နှလုံးသား
ဘယ်မှာအနားပေးရမလဲ။

Friday, May 8, 2015


ဒီနေ့ဇွန်သော်ရာဖိုး ခ မောင်ဇွန် မွေးနေ့ မနက်အစေားကြီးချစ်သူဇေဇေနဲ့ဘုရားသွားခဲ့ပြီ ညရောက်ရင် ကျွန်တော့်အိမ်မှာအံ့သြဖွယ်မွေးနေ့လေးဖြစ်စေရမယ်လို့ ကျွန်တော့်ချစ်သူဇေဇေကပြောတယ် လုံးဝ supriseဖြစ်စေရမယ်တဲ့ ဒီသတင်းထူးလေးကိုရင်မှာပိုက်ပြီး ကျွန်တော့်ရဲ့အထည်ဆိုင်လေးကိုရောက်ခဲ့တယ် ချစ်သူလဲသူ့အလုပ်ကိုသွားပြီ ကျွန်တော်ဒီနေ့အလုပ်လုပ်ရတာတအားပျော်နေတယ် ဖောက်သည်တွေနဲ့စကားဖွဲ့နေလိုက်တာ ထမင်းစားချိန်တောင်ကျော်သွားခဲ့တယ် ထမင်းဆိုင်ရောက်တော့ညနေ၃နာရီတောင်ရှိပြီ ဟင်းကဘာမှသိပ်မကျန်တော့ဘူ ပဲကြီးလှော်သုပ်နဲ့ဒညှင်းသီးချက် ကျွန်တော်အကြိုက်ဆုံးဟင်းနှစ်ခွက် ပြီးတော့ကျွန်တော်မစားရဲတဲ့ဟင်းနှစ်ခွက် မတတ်နိုင်တော့ဘူ ဒါမှမစားရင် စားစရာမရှိ ခဏနေဆိုင်မှာပစ္စည်းရောက်လို့ အလုပ်ကလုပ်ရအုံးမယ် အားမရှိလို့မဖြစ် ထမင်းနှစ်ပန်ကန်ကုန်တော့ ကျွန်တော်ဆိုင်ကိုပြန်လာခဲ့တယ် ဆိုင်သိမ်းချိန်ကညနေ၆နာရီခွဲ ဆိုင်သိမ်းဖို့တံခါးပိတ်နေတုန်းမှာဗိုက်ထဲမှာစစ်ဖြစ်လာပြီ ညနေပိုင်းနေအေးချိန်ဆိုင်ရှေ့မှာလူအနည်းငယ်ရှိနေတယ် တံခါးကိုအသံထွတ်အောင်စောင့်ပိတ်လိုက်တယ် ဒိန်.... (ဘူးးးး)တပြိုင်ထဲဖြစ်အောင်စည်းချက်ညီညီဘဲ ဘယ်သူမှမသိအောင်အီးပေါက်လိုက်တယ်.. ပိုင်သကွာ ဒါပေမယ့် နေ့လည်စာဒညှင်းသီးနဲ့ပဲကြီးလှော်ကပညာပြပြီးရင်းပြဘဲ အနံ့အသက်တွေကလမ်းသွားလမ်းလာတွေကိုနှာခေါင်းရှုံ့သွားစေတယ် ဗိုက်ထဲမှာနောက်တစ်ကြိမ်လေကစုနေပြန်ပြီ အပြင်ထွတ်ဖို့အားခဲနေတယ် လမ်းသွားလမ်းလာတွေကိုအားနာလို့ အောင့်ထားလိုက်တယ် မျက်နှာကြီးနီလို့ ကားရပ်ထားတဲ့နေရာကိုအားခဲပြီး ခြေထောက်လေးစုပြီးလမ်းလျောက်လာလိုက်တာ သငယ်လေးတွေကအခြောက်ထင်ပြီး ၀ိုင်းစကြသေးတယ် ကားတံခါးကိုဖွင့်လိုက်တယ် တံခါးဖွင့်ပြီးကားထဲကိုအမြန်ဝင်လိုက်တယ် ဘူးးးးးးးး ဟာ.... နံစော်နေလိုက်တာ ကားစက်နိုးပြီး ကားပြတင်းမှန်ချမယ်အလုပ်မှာ ကားသော့ကအပေါက်ထဲထည့်မရဘူး ဖုန်းကမြည်လာတယ် ချစ်သူဇေဇေဆီကဖြစ်နေတယ် သော့ကိုင်ထားတဲ့လက်နဲ့ဖုန်းထည့်ထားတဲ့ဘောင်းဘီအိပ်ထောင်ထဲကိုလက်လှမ်းအနှိက် ကားသော့ကပြုတ်ကျသွားတယ် ဖုန်းကိုကိုင်ပြီး ဟဲလို အော့.....
ဘာအော့လဲ.. ကိုကိုမွေးနေ့ပွဲပျက်ချင်တာလား
မဟုတ်ပါဘူး အော့ရယ်. ဟာ မှားပြန်ပြီ ...(လက်တစ်ဖက်နဲ့နှာခေါင်းကိုပိတ်ထားလိုက်တယ်)
ချစ်လေးပြော
ကိုကိုစကားအကောင်းပြေားမလို့ မပြောချင်လဲဖုန်းချပြီ တီ တီ တီ
ဟာ.... ချစ်လေး ချစ်လေး............. ကားထဲမှာအီးစော်ကနံထောင်းနေပြီ တံခါးပြန်ထဖွင့်ပြီးအသက်ရှူရတယ် အပြင်ရောက်တော့ဖုန်းပြန်ဆက်လိုက်တယ်
ဇေလေး စေားစေားကဖုန်းမပြောချင်လို့မဟုတ်ပါဘူး (စေားစေားကဘာဖြစ်တယ်ဆိုတာဆင်ခြေပေးဖို့စဉ်းစားနေတယ်)
ထားလိုက်တော့ ကိုကိုချစ်လေးပြောမယ် ကိုကိုအခုပြန်လာနေပြီလား
အင်း ပြန်လာနေပြီ
ကိုကို ချစ်လေးကိုဝင်မကြိုနဲ့တော့ကိုကို့အိမ်ကိုချစ်လေးသွားနှင့်လိုက်မယ်ပြင်စရာရှိတာပြင်ထားမလို့ ကိုကိုအိမ်ရောက်ခါနီးရင်ဖုန်းဆက် ချစ်လေးထွတ်လာခဲ့မယ် အိမ်ထဲကိုကိုဇွန်မ၀င်ရဘူးနော်
ဟုတ်ပါပြီ ဟုတ်ပါပြီ
အဲဒါဆိုဒါဘဲ ရင်တွေခုန်မနေနဲ့နော် .... ထူးခြားတဲ့မွေးနေ့ဖြစ်ဖို့ချစ်လေးတာဝန်ထား ဂရုစိုက်မောင်း တာ့တာ
ကျွန်တော်ဖုန်းချပြီးကားတံခါးဖွင့်တော့အနံ့အသက်ကမကင်းသေးဘူး ထိုင်ခုံအောက်ကသော့ကိုယူပြီး ကားစက်နိုးပြီး မှန်ပြတင်းပေါက်ကိုဖွင့်မှကားပေါ်တတ်နိုင်တော့တယ် အိမ်ပြန်တဲ့လမ်းမှာ ဖင်ကတဘူဘူနဲ့ တကယ်ကိုဖင်ကနေလို့မကောင်းတာ အားရပါးရပေါက်ထားမှ အိမ်ရောက်မှbirthday သီချင်းဆိုနေတုန်း တဘူဘူ ဖြစ်နေရင်ရှက်စရာကြီး....
ကျွန်တော်ကားကိုအရှိန်တင်လိုက်တယ် ဒါမှလေတိုးတဲ့အရှိန်ကြောင့် အီးနံ့မရှုမိမှာ...
ကျွန်တော်ကားအရှိန်တင်လိုက်တဲ့အချိန်မှာဆိုင်ကယ်တစ်စီးကိုကပ်ကျော်မိတယ် အဲဒါကို ကိုယ့်လူက မကျေနပ်ဘူးထင်တယ် တတီတီနဲ့ ဆဲဆိုပြီးကျော်တတ်တယ် ...သူကလဲမကျေနပ်ချက်နဲ့ကပ်ကျော်တယ်ဗျာ ကားဘေးနားရောက်တော့ထပ်လိုက်မလာတော့ဘူ နောက်ကြည့်မှန်ကနေကြည့်လိုက်တော့ ကို့လူ တအော့အော့နဲ့အန်နေတာတွေ့တယ်
ဟိုက်ရှားပါး ကျွန်တော့်အီးအဲလောက်တောင်စွမ်းသလား
ရပ်ကွက်လမ်းထဲချိုးဝင်လာတော့ ကျွန်တော့်ဗိုက်နေရထိုင်ရသက်သာလာတယ် ...
အိမ်ရှေ့ရောက်တော့ ချစ်သူဇေဇေဆီကိုဖုန်းဆက်လိုက်တယ် ချစ်သူကအိမ်ရှေ့ထွတ်လာပြီးကြိုတယ် ပြီးတော့ အ၀တ်နဲ့မျက်လုံးကိုစီးပြီးအိမ်ထဲခေါ်သွားတယ် ရင်ထဲတထိပ်ထိပ်နဲ့ပေါ့ ဘယ်သူမှမရှိတဲ့ ကျွန်တော့်အိမ်မှာနှစ်ယောက်ထဲ တကမ္ဘာလေး ဒီညတော့ပျော်စရာကြီးနေမှာ အိမ်ထဲလဲဝင်လိုက်ရော ဗိုက်ကတစ်စခန်းထပြန်ပြီ ဧည့်ခန်းထဲရောက်တော့မအောင့်နိုင်တော့ဘူ အဲဒီအချိန်မှာချစ်သူ ဇေဇေဆီဖုန်းလာတယ် ကယ်တော်မူတဲ့ဖုန်းဘဲ ကျွန်တော်ပျော်သွားတယ်
ကိုဇွန် ခဏနော် ချစ်ဖုန်းပြောလိုက်အုံးမယ် မျက်လုံးကို စီးထားတာဖြည်မကြည့်ရဘူးနော် ဖြည်ကြည့်ရင် ချစ်နဲ့ကိုနဲ့အပြတ်ဘဲ ချစ်အကြောင်းသိတယ်မလား ဆိုပြီးအပြင်ထွတ်ပြီးဖုန်းပြောတယ်
ကျွန်တော်လဲသူထွတ်သွားတာနဲ့ အီးပေါက်တော့တာဘဲ အောင့်ထားရတာကို ဘူးးးးးဆိုပြီးထွတ်သွားတယ် ဟိုက်ရှားပါး နံလိုက်တာကိုပြောမနေနဲ့ တော်တော်နံတဲ့အီး အနံ့ကလဲအခုထိမပျောက်ဘူး ဒညှင်းသီးပုတ်နံ့လိုလိုဘဲ အဲဒါနဲ့ကျွန်တော်စာပွဲပေါ်ကိုလိုက်စမ်းတယ် ဂျာနယ်လား သတင်းစာလားတော့မသိဘူး ကျွန်တော့်လက်ထဲကိုင်မိတာနဲ့ ခပ်ကြမ်းကြမ်းယပ်ခပ်လိုက်တယ် ချစ်သူဖုန်းပြောနေတာကိုလဲဂရုစိုက်လိုက်သေးတယ် ချစ်သူကဖုန်းပြောလို့မပြီးသေးဘူး အနံ့ကသက်သာလာတုန်းရှိသေးတယ် ဗိုက်ထဲတလိပ်လိပ်နဲ့တက်လာပြန်တယ် ဘွတ်ဆိုထွတ်သွားတယ် အနံကလဲနံ နေရလဲခတ်တာနဲ့ မထူးပါဘူးကွာဆိုပြီး ကျွန်တော်ဝတ်ထားတဲ့စတိုင် ပန် ဘောင်ဘီကို ချွတ်ပြီး အီးပေါက်ပါတော့တယ် လွတ်လွတ်လပ်လပ်ပေါက်ရတော့ ဖင်နေလို့ကောင်းပေမယ့် နှာခေါင်းကနေလို့မကောင်းဘူးဗျ အဲဒါနဲ့လက်ကလဲအငြိမ်မနေရဘူး ယပ်ခပ်လိုက်ပေါက်လိုက်နဲ့ ညောင်းလာတော့ စမ်းတန်းစမ်းတန်းနဲ့သွားလိုက်တာ ၀ရန်တာတံခါးပေါက်နားရောက်လာတယ်... ဟဲဟဲ ည၇နာရီလောက်ဆိုတော့ဘယ်သူမှမမြင်ရဘူးလေ ဘယ်သူမှမမြင်လောက်ပါဘူးလေ တံခါးကိုဖွင့် ဖင်ကိုပင့်လို့ သဘာဝလေတိုက်တဲ့အပြင်ဘက်ကိုဖင်ကိုထုတ်လို့ အီးပေါက်ပါတော့တယ် လေးငါးဆယ်ခါလောက်ပေါက်ပြီးတော့ ဗိုက်ထဲတော်တော်လေးကိုသက်သာသွားပြီ တံခါးကိုပိတ်ပြီးဧည့်ခန်းနားကို စမ်းတန်းစမ်းတန်းနဲ့ပြန်လာပြီး ဘောင်းဘီပြန်ဝတ်တယ် တံခါးဖွင့်သံကြားတယ် ချစ်သူဝင်လာပြီထင်တယ်
ကိုကိုဇွန် ချစ်မရှိတုန်းခိုးကြည့်သေးလား
မကြည့်ပါဘူးချစ်လေးရယ်...... အားရ၀မ်းသာတဲ့အပြုံးလေးနဲ့ပြုံးနေမိတယ် ချစ်သူရှေ့အီးမပေါက်မိတော့ ချစ်သူကမျက်လုံးစီးထားတာကိုဖြည်ပေးပြီးနောက်ကိုလှည့်ကြည့်ခိုင်းလိုက်တယ်
ကျွန်တော်လှည့်အကြည့်မှာ ..................
အံ့သြသွားပြီလား ကိုကို မိတ်ဆက်ပေးမယ်ဆိုတဲ့ ချစ်ရဲ့သူငယ်ချင်းတွေလေ သူတို့ကလဲကို့ကို့ကိုတွေ့ချင်နေတာ ဓာတ်ပုံထဲမှာအရမ်းချော ကျက်သရေရိှတယ်တဲ့သူတို့ကပြောနေတာ ကိုကိုနဲ့မိတ်ဆက်ပေးဖို့ခေါ်လာတာ ဟိုမှာစာပွဲရှေ့မှာထိုင်နေတဲ့၃ယောက်က ချစ်လေးနဲ့တစ်ငှာနထဲလုပ်တဲ့ သူငယ်ချင်းတွေ ဟိုဘက်ဆိုဖာမှာထိုင်နေတဲ့၂ယောက်ကချစ်လေးအချစ်ဆုံးသူငယ်ချင်း၂ယောက်လေ..
ကျွန်တော်ဘယ်ထွတ်ပြေးလို့ပြေးရမှန်းမသိ ဘယ်ပုန်းလို့ပုန်းရမှန်းမသိ ၀ရန်တာကဘဲခုန်ချရမလား ၀ရန်တာကိုလှမ်းအကြည့် ချစ်လေးက၀ရန်တာတံခါးကိုဖွင့်တာတွေ့လိုက်တယ် ...
ဒီမှာကိုကို ပိုပြီးအံ့သြသွားအောင် ချစ်ရဲ့ဖေဖေ မေမေ အကိုရယ် ညီမလေးရယ်
ငယ်ထပ်မိုးကြိုးပစ်တာမှပိုနေလို့ကောင်းမယ်ထင်တယ် ..ကျွန်တော်ခေါင်းတစ်ခုလုံးကိုထူပူနေတာဘဲ ဧည့်ခန်းထဲကမိန်းကလေး၅ယောက် ချစ်လေးရဲ့ မိသားစု၎ယောက် ကျွန်တော့်ရဲ့ supriseဖြစ်စရာထူးထူးခြားခြားမွေးနေ့လေးကို လူတိုင်းရဲ့မျက်နှာမှာထူးထူးခြားခြားအပြုံးနုနုလေးတွေနဲ့ ဘယ်သို့သော ဘာသာစကားနဲ့ အဓိပ္ပါယ်ဖွင့်ရမှန်းမသိတဲ့အကြည့်တွေနဲ့ ပေါ့ .....................
ကျွန်တော်အဲဒီနေ့ကစပြီးဒညှင်းသီးမစားတော့ပါ ပဲကြီးလှော်မ၀ါးတော့ပါ ချစ်သူဇေဇေကတော့မိဘသဘောမတူလို့ဆိုပြီး ၀မ်းမနည်းဘဲ(ကျွန်တော့်အဲဒီနေ့ကအဖြစ်အပျက်ကိုသိသွားလို့နေမယ်)နောက်တစ်ယောက်နဲ့စေ့စပ်သွားပါတယ် ခ်ခ်...... ဇာတ်လမ်းကတော့ပြီးပါပြီ ဒါပေမယ့်ကျွန်တော်
သရုပ်ဆောင်တွေကိုအင်တာဗျူးပါ့မယ် ခိခိ............
မေး စာပွဲရှေ့မှာထိုင်နေတဲ့ အမတို့ အီးပေါက်တုန်းကလန့်မသွားဘူးလား
ဖြေ အီးပေါက်တုန်းကမလန့်ပါဘူး ဘောင်ါးဘီချွတ်မှလန့်သွားတာအီးစပေါက်တုန်းက
ရေမွေးဖြန်းထားတဲ့လက်ကိုင်ပ၀ါမပါရင်ကျွန်မအန်မိမှာအမှန်ဘဲအီးပေါက်ကလဲ ကြမ်းလိုက်တာ အီးကလဲနံ သူယပ်ခပ်ဖို့လက်ကလိုက်စမ်းနေလို့ဂျာနယ်ကို
လက်ထဲကိုထည့်ပေးလိုက်ရသေးတယ် ယပ်ခပ်လို့ပြီးတော့ရပ်မယ်မှတ်နေတာ
ဘောင်းဘီချွတ်ပြီးပေါက်လိုက်သေးတယ် အော့ တွေးရင်အန်ချင်လာပြီ
ကဲ ဆိုဖာပေါ်ကအမနှစ်ယောက်
မေး အမနှစ်ယောက်ရောလန့်မသွားဘူးလား ဘောင်းဘီချွတ်တာအမတို့ဘက်လှည့်
ချွတ်တာလေ
ဖြေ အမလေး မပြောချင်တော့ပါဘူး ရှက်လိုက်တာ အီးပေါက်ကထဲကသူ့ရုပ်ကို
မကြည့်ချင်တော့တာ သူကဘောင်းဘီတောင်ချွတ်ပြလိုက်သေးတယ်
သူခါးပတ်ဖြုတ်မလို့လုပ်ကထဲကသူဘာလုပ်မယ်ဆိုတာသိလိုက်တယ် မျက်စီ
မှိတ်ထားပြီးဘေးကလူကိုတောင် မျက်စီကိုလက်နဲ့အုပ်ပေးသေးတယ် သူကဆွဲ
ဆွဲချနေလို့မအုပ်တော့ဘဲကြည့်ခိုင်းလိုက်တယ် တကယ်လဲချွတ်တော့သူ့ကို
ပါစပ်အုပ်ထားလိုက်ပါတယ် မျက်စီကတော့သူမှိတ်ချင်မှိတ်မှာပေါ့
ဒီတစ်ခါ ၀ရန်တာက ဦးဦးနဲ့ဒေါ်ဒေါ်
မေး ဦးဦးနဲ့ဒေါ်ဒေါ် ၀ရန်တာတံခါးပွင့်လာတော့ဘယ်လိုဖြစ်သွားလဲ
ဖြေ အေးကွာ ဦးကတော့ပြောင်ပြောင် ပြောင်ပြောင်နဲ့ ဘာကြီးထွတ်လာတာလဲပေါ့
ပြီးတော့နှစ်ခုတောင် ဘာကြီးမှန်းလဲသိရော ပြောင်ပြောင်ကြီးနှစ်ခုကြားက
ဘူးးးး ကနဲအသံထွတ်လာတာဘဲ
ဒေါ်ဒေါ် ယောက်ကျားကလဲမဟုတ်ပါဘူး ဘွတ်လို့ထွတ်တာပါ မိန်းမသေသေချာချာ
ကြည့်လို့သိလိုက်တယ်
ဦးဦး နင်ကမျက်မှန်မေ့ခဲ့လို့အဝေးမှမမြင်ရတာ ဘယ်လိုသေချာကြည့်လဲံပြီးတော
သေချာကြည့်တာနဲ့အသံကြားတာနဲ့ဘာဆိုင်လို့လဲ
ဒေါ်ဒေါ် ယောက်ကျားကလဲအဝေးမမြင်ရလို့ဖြူဖြူကြီးထွတ်လာလို့ ဘာကြီးလဲဆိုတာ
အနီးကပ် သွားကြည့်လိုက်တာနှာခေါင်းကဖြူဖြူ၂ခုနားရောက်သွားတော့ဘွတ်
ဆိုပြီးအသံထွတ်လာတာ
မေး အဲဗျာ ဒေါ်ဒေါ်အဲလိုကြီး၇ှုမိတာမနံဘူးလား
ဖြေ အဲဒီနေ့ကအအေးမိပြီးနှာခေါင်းပိတ်နေလို့ ဘွတ်လို့ကြားမှယောက်ကျားကနောက်
လှမ်းဆွဲပြီး တိုးတိုးပြောလို့သိရတာ အဲဒါဖင်ကြီး အီးပေါက်နေတယ်လို့သိရတာ
မေး ကဲ ဒီကညီလေးနဲ့ညီမလေးကရော ဘာပြေားအုံးမလဲ
ဖြေ သမီးကသောက်မြင်ကပ်လို့သရေကွင်းနဲ့ပစ်မလို့ ကိုကိုကြီးဆွဲထားလို့
မဟုတ်ရင်လား ဟင်းးးးးးးး
ဒီမှာဘဲအင်တာဗျူးတာပြီးပါတော့မယ် ဒါပေမယ့် အင်း တစ်ယောက်ကျန်သေးတယ် ဆိုင်ကယ်သမား ကျွန်တော်ဆိုင်ကယ်သမားကိုလမ်းပေါ်ထွတ်ရှာပါသေးတယ် မတွေ့ဘူး ဘေးကလူတွေကတော့ပြောတယ် စေားစေားကလူတစ်ယောက်အန်ပြီးဆေးရုံရောက်သွားတယ်ဆိုလို့ဆေးရုံကိုဖုန်းဆက်ကြည့်ပြီးစုံစမ်းပါတယ် လူနာနဲ့ဖုန်းပြေားပြီးအင်တာဗျူးခွင့်ရပါတယ်
မေး ခင်ဗျားဆေးရုံရောက်ရတဲ့အကြောင်းလေးပြောပြပါ
ဖြေ ကျွန်တော်ဗျာ ကံဆိုးပါတယ် ထွတ်ခါစအီးကိုမှသွားရှုမိတာကိုးဗျ နံလိုက်တာ
အန်လိုက်တာ ရှော့ဝင်သွားတဲ့အထိပါဘဲ ကျွန်တော်အခုပုလင်းချိတ်နေရတယ်
အားမရှိဘူး စကားမပြောနိုင်တော့လို့ဒါဘဲဗျာ တူ တူ တူ ဖုန်းချသွားတယ်
အီးမင်းသားဇွန်သော်ရာဖိုးကိုဗျူးကြအုံးမလား သိချင်သူတွေ commentမှာမေးမြန်းနိုင်ပါတယ် သူ့ကိုtagထားပါကြောင်း
ပုံ ရဲမာန်

ဦးယာရဲ့အိမ်ဘေးကိုလူသစ်တစ်ယောက်ပြောင်းလာတယ် သူ့ရဲ့နာမည်က ဦးတန်တဲ့ တစ်ရက်မှာဦးတန်နဲ့ ဦးယာ ပြသနာစဖြစ်ပါတယ်
ပြောင်းလာတာမှရက်ပိုင်းဘဲရှိသေးတယ် ဖြစ်ပုံက
ဦးယာကကြက်ကြိုက်တဲ့လူဖြစ်တာကြောင့်ကြက်တွေမွေးထားပါတယ် အဲဒီနေ့မနက်ရောက်တော့ မာတန်ကသူ့ခြံထဲရောက်နေတဲ့ကြက်ဥကို သူ့ကြက်ဥပါဆိုပြီးဖင်ပိတ်ငြင်းတယ် ဦးယာကလဲ ဦးတန် မင်းဆီမှာကြက်တစ်ကောင်မှမရှိဘဲနဲ့ဘယ်လိုဥတာတုန်းဆိုပြီးမေးတယ် ဦးမာတန်ကလဲ ကြက်ဥကိုလိုချင်တာနဲ့ခပ်ကြောင်ကြောင်လုပ်ပြီး အဆိုတော်အရိုးရဲ့သီချင်းကိုဆိုပြလိုက်သေးတယ် ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်ဖရဲ့ ဥ ဆိုပြီး ရူးသလိုပေါသလိုလုပ်ပြတာလေ ဦးယာလဲစိတ်တိုသွားတာပေါ့ ဒါနဲ့ ဦးယာကပြောလိုက်ပါတယ် ကဲကဲ ငါတို့ရွာမှာအငြင်းပွားတိုင်းဖြေရှင်းတဲ့နည်းရှိပါတယ်
အဲဒါကတော့တစ်ယောက်ပေါင်ကြားကိုတစ်ယောက်ကန်ကြမယ် အချိန်ကြာမှထနိုင်တဲ့လူက ကြက်ဥကိုမရဘူး အမြန်ထနိုင်တဲ့လူကဘဲကြက်ဥကိုရမယ် ကဲ ဘယ်လိုလဲသဘောတူလား ဦးတန်ကလဲ ကြက်ဥလိုချင်တော့သဘောတူလိုက်တယ်
ဦးယာကအရင်ကန်ဖို့သဘောတူလိုက်တယ် အလေးဆုံး အမာဆုံးခုံဖိနပ်ကိုအိမ်ထဲဝင်ပြီးလဲလိုက်တယ် ဦးတန်ကလဲ ငါ့ဆီမှာ သံနဲ့လုပ်ထားတဲ့ ဘုလည်ရှည်ဖိနပ်ရှိပါတယ် မင်းရှူံးမှာပါဆိုပြီးတွေးပြီးပြုံးတယ် ဦးယာက ကန်ဖို့ပြင်တယ် နောက်ကိုခြေငါးလှမ်းဆုတ်ပြီးအရှိန်နဲ့ပေါင်ကြားကိုပြေးကန်တယ် ဦးတန်လဲပေါင်ကြားကိုလက်နဲ့အုပ်ပြီးအော်တာပေါ့
မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ မကျေနပ်ချက် ဒေါသဖြစ်ချက် နာကျင်မှု့တွေကြောင့် ရဲရဲတောက်မျက်လုံးကြီးတွေနဲ့ဦးယာကိုကြည့်လိုက်တယ် စိတ်ထဲကလဲကြိမ်းလိုက်တယ် ဒင်းငါ့အလှည့်ကျသေဖို့ပြင်ထားဆိုပြီးစိတ်ထဲကတေးထားတယ် တော်တော်နဲ့ပြန်မထနိုင်ဘူး ဦးတန်ပြန်ထနိုင်တဲ့အချိန်ကြည့်လိုက်တော့ နာရီဝက်ကြာတယ် အချိန်ကိုမှတ်ထားလိုက်တယ်
ဦးတန်ကငါ့အလှည့်ဆိုပြီး ဘုလည်ရှည်ဖိနပ်ကိုပြေးစီးတယ် ပြန်လာပြီးတော့ အခု ဦးယာအကန်ခံရမယ့်အလှည့် ကျွန်တော်ကန်မယ် ဦးယာကလေသံအေးအေးနဲ့ပြောလိုက်တယ် ကြက်ဥကိုမင်းဘဲယူလိုက်ပါတော့ကွာ ငါအရှူံးပေးပါတယ်ဆိုပြီးအိမ်ထဲဝင်သွားတယ် ဦးတန် နာကျည်ဒေါသဖြစ်ပြီးကြက်ဥကိုလွင့်ပစ်လိုက်တယ် အဲ ဟိုဒင်းလေ ဦးတန်ရဲ့ ဥကတော့ ကွဲသလား ပြားသလားဆိုတာ ဥတန်ကို commentမှာမေးကြည့်ပေါ့ ဦးတန်ကိုလဲ tagထားတယ်နော် ဟီးး
ဝတ္ထုအမည် ဥလောကရဲ့စိန်ခေါ်သံ