ဦးယာရဲ့အိမ်ဘေးကိုလူသစ်တစ်ယောက်ပြောင်းလာတယ် သူ့ရဲ့နာမည်က ဦးတန်တဲ့ တစ်ရက်မှာဦးတန်နဲ့ ဦးယာ ပြသနာစဖြစ်ပါတယ်
ပြောင်းလာတာမှရက်ပိုင်းဘဲရှိသေးတယ် ဖြစ်ပုံက
ဦးယာကကြက်ကြိုက်တဲ့လူဖြစ်တာကြောင့်ကြက်တွေမွေးထားပါတယ် အဲဒီနေ့မနက်ရောက်တော့ မာတန်ကသူ့ခြံထဲရောက်နေတဲ့ကြက်ဥကို သူ့ကြက်ဥပါဆိုပြီးဖင်ပိတ်ငြင်းတယ် ဦးယာကလဲ ဦးတန် မင်းဆီမှာကြက်တစ်ကောင်မှမရှိဘဲနဲ့ဘယ်လိုဥတာတုန်းဆိုပြီးမေးတယ် ဦးမာတန်ကလဲ ကြက်ဥကိုလိုချင်တာနဲ့ခပ်ကြောင်ကြောင်လုပ်ပြီး အဆိုတော်အရိုးရဲ့သီချင်းကိုဆိုပြလိုက်သေးတယ်
ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်ဖရဲ့ ဥ ဆိုပြီး ရူးသလိုပေါသလိုလုပ်ပြတာလေ
ဦးယာလဲစိတ်တိုသွားတာပေါ့ ဒါနဲ့ ဦးယာကပြောလိုက်ပါတယ် ကဲကဲ
ငါတို့ရွာမှာအငြင်းပွားတိုင်းဖြေရှင်းတဲ့နည်းရှိပါတယ်
အဲဒါကတော့တစ်ယောက်ပေါင်ကြားကိုတစ်ယောက်ကန်ကြမယ် အချိန်ကြာမှထနိုင်တဲ့လူက ကြက်ဥကိုမရဘူး အမြန်ထနိုင်တဲ့လူကဘဲကြက်ဥကိုရမယ် ကဲ ဘယ်လိုလဲသဘောတူလား ဦးတန်ကလဲ ကြက်ဥလိုချင်တော့သဘောတူလိုက်တယ်
ဦးယာကအရင်ကန်ဖို့သဘောတူလိုက်တယ် အလေးဆုံး အမာဆုံးခုံဖိနပ်ကိုအိမ်ထဲဝင်ပြီးလဲလိုက်တယ် ဦးတန်ကလဲ ငါ့ဆီမှာ သံနဲ့လုပ်ထားတဲ့ ဘုလည်ရှည်ဖိနပ်ရှိပါတယ် မင်းရှူံးမှာပါဆိုပြီးတွေးပြီးပြုံးတယ် ဦးယာက ကန်ဖို့ပြင်တယ် နောက်ကိုခြေငါးလှမ်းဆုတ်ပြီးအရှိန်နဲ့ပေါင်ကြားကိုပြေးကန်တယ် ဦးတန်လဲပေါင်ကြားကိုလက်နဲ့အုပ်ပြီးအော်တာပေါ့
မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ မကျေနပ်ချက် ဒေါသဖြစ်ချက် နာကျင်မှု့တွေကြောင့် ရဲရဲတောက်မျက်လုံးကြီးတွေနဲ့ဦးယာကိုကြည့်လိုက်တယ် စိတ်ထဲကလဲကြိမ်းလိုက်တယ် ဒင်းငါ့အလှည့်ကျသေဖို့ပြင်ထားဆိုပြီးစိတ်ထဲကတေးထားတယ် တော်တော်နဲ့ပြန်မထနိုင်ဘူး ဦးတန်ပြန်ထနိုင်တဲ့အချိန်ကြည့်လိုက်တော့ နာရီဝက်ကြာတယ် အချိန်ကိုမှတ်ထားလိုက်တယ်
ဦးတန်ကငါ့အလှည့်ဆိုပြီး ဘုလည်ရှည်ဖိနပ်ကိုပြေးစီးတယ် ပြန်လာပြီးတော့ အခု ဦးယာအကန်ခံရမယ့်အလှည့် ကျွန်တော်ကန်မယ် ဦးယာကလေသံအေးအေးနဲ့ပြောလိုက်တယ် ကြက်ဥကိုမင်းဘဲယူလိုက်ပါတော့ကွာ ငါအရှူံးပေးပါတယ်ဆိုပြီးအိမ်ထဲဝင်သွားတယ် ဦးတန် နာကျည်ဒေါသဖြစ်ပြီးကြက်ဥကိုလွင့်ပစ်လိုက်တယ်
အဲ ဟိုဒင်းလေ ဦးတန်ရဲ့ ဥကတော့ ကွဲသလား ပြားသလားဆိုတာ ဥတန်ကို
commentမှာမေးကြည့်ပေါ့ ဦးတန်ကိုလဲ tagထားတယ်နော် ဟီးး
ဝတ္ထုအမည် ဥလောကရဲ့စိန်ခေါ်သံ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home