Friday, January 23, 2015

နင်နဲ့လမ်းခွဲခဲ့တဲ့နေ့ကို ငါမမှတ်မိဘူး
နင် နဲ့ စတွေ့ခဲ့တဲ့ နေ့လေးပဲ ငါမှတ်မိတယ်

နင်တစ်စုံတယောက်ကြောင့်အသဲကွဲခဲ့တာတွေ ငါမမှတ်မိဘူး
နင့်ရင်ထဲ ငါရောက်လာပြီ လို့နင်ပြောခဲ့တာတွေပဲ ငါမှတ်မိတယ်

နင်ငါ့ကိုအဆက်အသွယ်မလုပ်တဲ့နေ့တွေ ငါမမှတ်မိဘူး
နင်ဖုန်းတွေတဂျီဂျီ ခေါ်တတ်တဲ့ နေ့တွေကို ပဲ ငါမှတ်မိတယ်

နင်ငါ့ကိုစိတ်ဆိုးနေခဲ့တဲ့နေ့တွေကို ငါမမှတ်မိဘူး
နင်ငါ့ကို ဂရုစိုက်ကြင်နာခဲ့တဲ့ရက်စွဲတွေပဲ ငါမှတ်မိတယ်

နင်ငါ့ကို မေ့သွားတဲ့အချိန်တွေကို ငါမမှတ်မိဘူး
နင် သတိရလိုက်တာ လို့ပြောခဲ့တဲ့နေ့တွေပဲ ငါမှတ်မိတယ်

နင်ငါ့ကိုစိမ်းကားလာတာတွေ ငါမမှတ်မိဘူး
ငါမရှိရင်မဖြစ်ဘူး လို့ နင်ပြောခဲ့ဖူးတာတွေပဲ ငါမှတ်မိတယ်

နင်မေ့လိုက်တော့လို့ပြောခဲ့တဲ့နေ့ကို ငါမမှတ်မိဘူး
နင် ချစ်တယ်လို့ပြောတဲ့ နေ့လေးပဲ ငါမှတ်မိတယ်

င့ါနှလုံးသား က နင်နဲ့ ချစ်ခဲ့တဲ့အကြောင်းအရာတွေကိုပဲမှတ်မိတယ်

ရက်စက်ခဲ့တဲ့နင့်အကြောင်းတွေ မမှတ်မိနိုင်လောက်အောင်ကို...

ငါ့နှလုံးသားအပြည့် နင့်ကိုချစ်နေခဲ့တယ် ထင်ပါတယ်လေ.....ချစ်သူရယ်.....

ငါတို့ ချစ်သူနှစ်ယောက်အလယ်မှာ ခြားထားတဲ့
ဝေးကွာခြင်းတွေအစား ဆုံစည်းရမဲ့ နေ့ လေးသာ
ရောက်လိုက်ချင်တယ်....... ချစ်သူ

ငါတို့ နှစ်ယောက်ကို အလွမ်းတွေနဲ့ ရင်နင့်စေမဲ့အစား
နင့်ရဲ့ လက်ကိုတွဲပီး အတူတူပျော်ရွှင်ရမဲ့ နေ့ လေး
ရောက်လိုက်ချင်တယ်........... ချစ်သူ

တစ်ယောက်နဲ့ တစ်ယောက်ဝေးနေရခြင်းကြောင့်
တစ်ခါတရံနားလည်မှုတွေလွဲပီး စိတ်ဆိုးနေကျမဲ့အချိန်တွေ
အစား အတူတူ ထာဝရလက်တွဲခွင့်သာ ရလိုက်ချင်မိတော့တယ်
ချစ်သူရယ်....................

နင်ပျော်နေရင်
ငါကျေနပ်မိတယ်...........

နင်စိတ်ချမ်းသာရင်
ငါကြည်နူးမိတယ်...........

နင်အလုပ်ရှုပ်နေရင်
ငါတိတ်တိတ်ကလေးနေပေးမိတယ်...........

နင်ဒေါသထွက်နေရင်
ငါ့ကြောင့် လားလို့  ၀မ်းနည်းနေမိတယ်..........

နင်နေမကောင်းဖြစ်နေရင်
ငါ စိုးရိမ်နေမိတယ်....

အချစ်မှာ ကန့် သက်ချက်တွေမရှိဘူးလို့ တော့  ငါကြားဖူးပါတယ်....
ဒါပေမဲ့ 
ငါ့ကြောင့်  နင် မပျော်မရွှင်ဖြစ်နေမှာ
ငါ့ကြောင့်  နင် ၀မ်းနည်းနေရမှာ
ငါ့ကြောင့်  နင်စိတ်ကျဉ်းကြပ်နေရမှာ
ငါ့ကြောင့်  နင့်သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရမှာ
ငါ့ကြောင့်  နင်စိတ်ဆိုးသွားမှာ ကို ငါအရမ်းကြောက်မိတယ်....

နင့်ကြောင့်  ငါဘယ်လောက်ခံစားရပါစေချစ်သူရယ်
ငါ့ကြောင့်  နင်မျက်ရည် မကျရင်ပဲ
ငါဆိုတဲ့ သူက ကျေနပ်နေမိတဲ့ သူတစ်ယောက်ပါ...............

♥♥ ငါ့ဘ၀ထဲ နင်မရှိရင် မဖြစ်လို့
နင့်ကို ငါချစ်တယ်

♥♥ နင့်အပြုမှုတိုင်းက ငါ့ကိုစွဲလမ်းစေလို့
နင့်ကို ငါလွမ်းတယ်

♥♥ ဘယ်သူမှ နင့်လောက် ငါ့အပေါ်မှာ နားလည်မပေးနိုင်လို့
နင့်ကို ငါသဘောကျတယ်

♥♥ နင်နဲ့ အတူရှိတိုင်း ငါ့ကို လုံခြုံမှု ရှိစေလို့
နင့်ကို ငါအမြဲ အတူနေချင်တယ်

♥♥ နင်က ငါ့ရဲ့ ကမ္ဘာတစ်ခုဖြစ်လို့
နင့်ကို ငါမရှိမဖြစ်လိုအပ်တယ်........

နားလည်မူ့ရှိတယ်ဆိုတဲ့  ချစ်သူစုံတွဲတွေတိုင်းမှာ
တခါတလေ
ကိုယ်စိတ်ဆန္ဒထက် သူ့စိတ်ဆန္ဒကို ဦးစားပေးရတက်တယ်ဆိုတာ
ငါ သိနားလည်ထားပါတယ်....
ဒီတော့  ငါကြိုက်ခြင်းမကြိုက်ခြင်းထက်
ကိုယ်ချစ်မြတ်နိုးတဲ့ သူအတွက် ဆိုရင် ငါဘာလုပ်ပေးရလုပ်ပေးရ အဆင့်သင့်ပဲလေ......
ဒါတွေက သိပ်ချစ်လွန်းတဲ့ သူတွေဆီမှာပဲ
ပေါက်ဖွားတက်တဲ့  ခံစားချက်ကလေးတွေဆိုတာ သိထားပေးပါနော်

ဆန္ဒရှိသမျှ
လူတစ်ယောက်ကို
အချိန်တိုင်း လွမ်းခွင့်ရှိတယ်..........

မျှော်လင့်နိုင်သေးသမျှ
လူတစ်ယောက်ကို
နေ့တိုင်း စောင့် မျှော် ခွင့်ရှိတယ်.........

မမေ့နိုင်သေးသမျှ
လူတစ်ယောက်ကို
နေရာတိုင်း တမ်းတခွင့်ရှိတယ်......

ပြီးတော့ ......
မမုန်းနိုင်သေးသရွေ့
လူတစ်ယောက်ကို
တသက်လုံး ချစ်ခွင့်ရှိတယ်...........

ဆုံးရှုံးမူ့များတဲ့  အချစ်တိုင်းမှာ
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပို သာသာ ချစ်ခဲ့ မိလို့ ပါ

ဖြတ်တောက်ခွင့် မပေးတဲ့  သံယောဇဉ်ကြိုးတွေတိုင်းမှာ
ဘယ်သူ့အပေါ်မှ ဒေါသ မထွက်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပို သာသာ ချည်နှောင်မိခဲ့ လို့ ပါ...........

တမ်းတခွင့် မရှိတဲ့  အခြေအနေမျိုးမှာ
ဘယ်သူ့ကိုမှ စိတ်မကွက်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပိုသာသာ မျှော်လင့်နေမိခဲ့လို့ ပါ.......

မျက်နှာခြင်းဆိုင်ခွင့်မရှိတော့ တဲ့  အချိန်ကာလမှာ
ဘယ်ကံတရားအပေါ် မှ မညိုငြင်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပိုသာသာ ပေးဆပ်မိခဲ့ လို့ ပါ......

အနာကျင်ရဆုံးခံစားချက်ဆိုတာ.....
တကယ့်အချစ်ကိုရင်းပြီးမှ ရတဲ့  ခံစားချက်မျိုးမဟုတ်လား

ကိုယ်ကိုတိုင် အငိုလွယ်နေသရွေ့တော့ .....
ပိုပို သာသာ လွမ်းနေ
ခံစားနေရဦးမှာလေ......

ချစ်ခြင်းကိုပေါ့......
ပိုင်ဆိုင်ခြင်းမပိုင်ဆိုင်ခြင်းနဲ့.......
တိုင်းတာကြမယ်ဆိုရင် ...
အဲ့ဒီသူတွေထဲ မပါပါရစေနဲ့......

ပိုင်ဆိုင်ခွင့်ရမှ ငါ့ရဲ့ချစ်ခြင်း......
ရသမြောက်ခဲ့မယ်ဆိုရင် ......
ငါလွမ်းနေပါရစေ ချစ်သူ..........
ရင်ထဲမှာမြတ်နိုးစွာနဲ့ ......
ထာဝရရှိနေရင် ငါကျေနပ်ပါပြီ........

Wednesday, January 21, 2015

တစ်ခါတုန်းကပေါ့နော်
ဆေးတက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ
အရမ်းမာနကြီးတဲကောင်မလေးတစ်ယောက် ရှိတယ်

အပြုံးမဲ့တယ်လို့လူတစ်ကာတွေထင်မြင်ချက်မျာစွာနဲ့ပြောနေကြတဲ့မာနမင်းသမီးလေး

သူဟာဘာလိုများမာန ကြီးရတာလည်းသူဟာဘာလိုဒီလောက်တောင်အေးစက်ရတာလဲ လူတိုင်း ဟာသူကို့ နားမလည်ကြဘူး
အဲဒီ မာနမင်းသမီလေးကိုတစ်ဖက်သက်အဖြစ်
ကြိတ်မှိတ်ချစ်နေ တဲ့ကောင်လေးတစ်ယောက် ရှိတယ် အဲဒီကောင်လေးကောင်မလေးကိုချစ်နေခဲ့တာဘယ်လောက်ကြာပြီလဲဆိုတာမသိဘူး  ကောင်မလေးအနားလဲ
မကပ်ရဲဘဲတစ်ဖက်သက်အချစ်သာဖြစ်နေတာပေါ့လူတစ်ကာတွေသူ့ ကိုဘယ်လောက်တောင်မုန်းစရာကောင်း
တယ်လို့ပြောကြပါစေ သူကတောသူ့ ကိုဘယ်လိုမှ.မုန်းမရပဲအရမ်းဘဲချစ်နေရှာတယ်....
ကောင်လေးဟာ.ကောင်မလေးကို...စကားပြောခွင့်မရနိုင်ဘူးမျက်နာချင်းဆိုင်တောင်
မတွေ့ရဲပါဘူး သူ့ နားကို ကပ်နေတဲ့ ကောင်လေးတွေလို ဖြစ်ပီး...အမုန်းခံရမှာကို မလိုအပ်ဘူးလေ...
ဒါပေမယ့်....
ကောင်လေးကတော့ကျောင်းတက်ချိန်နဲ့ကျောင်းဆင်းချိန်လေးကိုအမြဲတမ်း.သူကွယ်ရာကနေ
သူမျက်နာလေးကို ခိုးကြည့်နေခဲမိတယ်...တစ်နေ့မှာမိုးတွေကရွာလေတွေကတိုက် မိုးထဲလေထဲမလို့ကောင်မလေးကိုစိုးရိမ်နေမိတယ် အဲဒီအချိန်မှာဘဲသူ့ရဲ့ရှေ့ကစကားသံတွေဆဲသံတွေဗလုံဗထွေးသံတွေနဲ့မပြီမပြင်မှုန်ဝါးဝါးကိုမြင်ရလို့ဘာများဖြစ်
တာပါလိမ့်ဆိုပြီးလျောက်ပြီးလာကြည့်တယ် ကြည့်လိုက်တော့မှသူမျော်လင့်နေတဲ့ကောင်မလေးမြေပေါ်ကိုလဲ
လျောင်းနေတာကိုတွေ့လိုက်ရတယ် ခါတိုင်းလိုပဲ.....ကောင်လေးတွေကို...ရည်းစားစကား အပြောမခံတော့ဝိုင်းဆဲကြတာ ဖြစ်လိမ့်မယ်...ကောင်မလေးအနားကိုပြေးသွားပြီး နင်ဘာလို ငြိမ်နေတာလဲအနိုင်ကျင့်နေမှန်းသိရဲနဲနင့်သူငယ်ချင်းတွေကိုဘာလိုမအော်တာလဲ.
ကောင်လေးဟာသူ့ ကိုစိုးရိမ်စိတ်ကလေးနဲ.ပြောလိုက်မိတယ်. ပီးတော့.ကောင်မလေး ခေါင်းပေါ်မှာ ရေတွေ.စိုနေတာကို တွေတော
ကောင်လေးဟာ...အိပ်ထဲက ပဝါလေးကိုထုပ်ပီး “ရောနင့်ခေါင်းပေါ်ကရေတွေသုတ်လိုက်နော်.....””
အဲဒီအချိန်မှာကောင်မလေးဟာ.သူ့ ဖက်လှည့်လာပီးကောင်လေးကိုအချိန်ကြာမြင့်စွာ.ကြည့်နေမိတယ်....
သူရဲ အကြည့်ကတော်တော်ချစ်စရာကောင်းပါတယ်အချိန်ကြာမြင့်စွာတွေချင်နေခဲ့တဲလူတစ်ယောက် ကို...
ကြည့်နေတဲ...အကြ့ည့်မျိုးလေးပါ
““ငါ့ကိုဘာလို..ဒီလောက်တောင်စိုက်ကြည့်နေတာပါလိမ့်..ကောင်လေးဟာ..နားမလည်တော့ဘူးခဏကြာ....
“ကောင်မလေး...ငါပြောတာကို ကြားလား””
ဒီတော့မှ ကောင်မလေးဟာကပျာကယာသူ့ လက်ထဲကပဝါလေးကိုယူလိုက်ပီးသူ့ ရဲရှေးကခပ်သွက်သွက်
ရှောက်သွားတောတယ် ဘာစကားမှ မပြောခဲ့ဘူး....ဒီအဖြစ်ပျက်လေးကို တွေပီးတော ကောင်လေးဟာအရမ်းပီတိဖြစ်ပြီးပျော်သလိုလို.
ရင်ထဲမှာပဲ ကျေနပ်နေမိတယ် သူရဲ.ပဝါလေးကို လက်ခံလိုက်လို ပေါ့နော်ကောင်မလေးရယ်...ဒီနေ့လည်း ကြည့်ခွင့်ရသလို..မနက်ဖြန်လည်း ကြည့်ခွင့်ရချင်မိတယ်ဟာ မနက်ဖြန်ရှိနေသရွေ့  နင့်ကို ချစ်ပါရစေကောင်မလေးရယ်.ကောင်လေးရဲ နှလုံးသားက တောင်းဆိုလာခဲပီ...ရင်နင့်မတတ်ခံစားနေရရှာပီ..
ကျောင်းဆင်းချိန်လေးကိုအမြဲတမ်းစောင့်မျော်နေခဲမိ တယ်ကောင်လေးက...
သူကို ကြည့်သလို ကောင်မလေးကလည်းသူကို မျက်ဝန်းချင်းဆုံပီးတစ်ယောက်ကိုတစ်ယောက်
အချိန်အနည်းငယ်ကြည့်ဖြစ်မိတဲ...ရက်တွေလည်း..များသထက်များလာခဲပါပီ...
သမင်လည်ပြန်ကြည့်ခဲကြတဲ ရက်စွဲတွေဟာလည်းမနည်းတောပါဘူး
.ဒီလိုနဲပဲ..........................
မြန်ဆန်လွန်းတဲ....အဖြစ်ပျက်တွေကို....
မထင်မှတ်တဲ့နေ့တစ်နေ့ မှာ...ကောင်လေးဟာ..ကောင်မလေးကို .. စောင့်နေတုန်း....
ခေါင်းတွေ...တအားမူးလာပီ...မျက်လုံးတွေက ပြာဝင်းလာခဲတယ်.ချွေးတွေက.တားမရယိုစီးလာပီ...
နောက်ဆုံးတောခံနိုင်ရည်မရှိတော့ မထင်မှတ်ပဲ.အဲဒီနေရာလေးမှာတင်...သတိလစ်ပြီးမူးလဲသွားတယ်
ကောင်လေးသတိပြန်ရလာတယ် သူသိပြန်ရတော့အချိန်ဘယ်လာက်ကြာသွားလဲဆိုတာသူမသိဘူး
သူ့အနားကိုကြည့်လိုက်တော့သူ့အမေငိုနေတာကိုတွေ့လိုက်ရတယ် ((ကောင်လေး)).....အမေဘာလိုငိုနေတာလဲဟင့်...သားဘာမှ မဖြစ်ဘူးမငိုနဲ့ နော် အမေ......
((အမေ)).....သား...နိုးလာပီလား.......
ကောင်လေး အမေကအဲလိုပြောကာ.ကောင်လေး နဖူးလေးကို...ညှင်သာစွာ ပွတ်သတ်ပီး...
ဆက်ပီးတော့...ငိုနေတော့တယ်.....
ကောင်လေးကတော...ဘာမှ နားမလည်တောဘူး....
အမေ ဒီလောက်တောင် ဘာလို များငိုနေရတာလဲ......
((ကောင်လေး..))...အမေ ..ဘာလိုဒီလောက်တောင် ငိုနေရတာလဲ...
သားနေကောင်းနေပြီလေ.အမေရဲ့....တိတ်တော့နော်....
ဒါနဲ့.အမေ...သားဒီဆေးရုံမှာ...ဘယ်နှစ်နာရီလောက်ရှိပီလဲဟင်
((အမေ))..... သားရယ်....နှစ်နာရီမဟုတ်ပါဘူး.နှစ်ရက်ပြည့်ပြီ.သားရယ်....
သူ့ အမေစကားကြောင်း ..တုန်လှုပ်ခဲ့ရတယ်..နှစ်ရက်တောင် ...ရှိနေပါပြီလား.....
“““ကောင်မလေးရယ်....နင်များကောင်းရဲလား....သိပ်သတိရတာပဲဟာ.....”””””
ဆက်ပီးတော.
 ((ကောင်လေး)).....ဒါနဲ အမေ...သားဘာဖြစ်တာလဲဟင်...
ထိုစကားကြောင်း အမေလုပ်သူဟာဖျတ်ခနဲမျက်နာပျက်သွားတယ်....
ပြီးတော့ကပျာ ကယာ ဆက်ပြောတယ်....
((အမေ)).....သြော်..သားရယ်...ဘာမှ မဖြစ်ပါဘူး.သားဘာမှ မဖြစ်ဘူးနော်....
 မျက်ရည်..တန်းလန်းနဲ ပြောလာတဲ...အမေ့စကားကို သူမယုံပါ....ဘာမှ မဖြစ်ဘူးလိုလည်းပြောတယ်....
အမေဟာ ...ဘာလို ဒီလောက်တောင် ငိုနေရတာလဲခဏ အကြာ....
ဆရာဝန်း...အခန်းထဲသို ရောက်လာခဲပြန်တယ် ပြီးတော့ ဆရာဝန်ကြီးဝင်လာတာမလို့ အမေအပြင်ခဏ
ထွတ်ပေးပါတယ်  ဒီတောမှ.. သူ့ ကိုစမ်းသတ်ကြည့်တယ်....
ဒီလိုနဲ...
(ဆရာဝန်.)...သက်သာရဲလား.
(ကောင်လေး)....ဟုတ်သက်သာနေပါပီ...ဒါနဲဆရာ..ကျွန်တော် တစ်ခုလောက်မေးချင်တယ်.
ကျွန်တော် ဘာဖြစ်တာလဲ.ဆရာ...မှန်မှန်ပြောပြပါနော်ဆရာ  ကျေးဇူးပြုပြီးတော့
ကောင်လေးစကားကြောင်း ဆရာဝန်...ဟာ..
သက်ပြင်းတစ်ချက်ချလိုက်ပီး...
သူ့ နှဖူးလေးကို...လာကိုင်ကာ...
ဆက်ပြောတယ်...
(ဆရာဝန်)။။။ကောင်လေး...မင်းအမေအဖေတွေက...ဒီစကားကို ...မပြောပါနဲ့တဲ..
ဒါပေမယ့်...မပြောလိုတော..မရပါဘူး..ကောင်လေးတကယ်တော...မင်းဟာ...ကံစီမန်ရာ..ဖြစ်နေပီ...
ကောင်လေးမင်းကံကောင်းပါစေ...ဆိုပီးတော.ဆရာဝန်ကြီးက..သူ့ လက်ထဲသို့ စာတစ်စောင်ထည့်ပေးခဲတယ်
ဒီလိုနဲ....ကောင်လေး ဟာ..အဲဒီစာကို...ကပျာကယာ ဖတ်လိုက်မိတယ်
လွတ်ကျသွားတဲ...စာရွက်ကိုတောင်သတိမထားမိလိုက်ပါဘူး..တုန်လှူပ်ဖွယ်...မြင်ကွင်းတွေကို
 တွေမြင်လိုက်ရတယ်သူ မျော်လင့်ချက်တွေ....အားလုံးလုံးပျက်စီးကုန်ပြီ
တကယ်တော့...
ကောင်လေးဟာ....နောက်တစ်ပတ်ပဲအသက်ရှင်သန်ခွင့်ရတော့မှာပါ...ဖြစ်ချင်တော့
.ကောင်လေးရဲ...ကျောက်ကပ်နှစ်ဖက်လုံးဟာလုံးဝပျက်ဆီး.သွားလိုဘဲ တစ်ဖက် အကောင်းဆိုရင်လည်း...တစ်ဖက်နဲပဲ...ရှင်သန်ခွင့်ရနိုင်ပါသေးတယ်...
ကောင်လေးဟာကံဆိုပြီးကျောက်ကပ်နှစ်ခုလုံးပျက်စီးပြီးမှသိရတယ်
တစ်ပတ် အတွင်း...ကျောက်ကပ် အလှူရှင်မရခဲ့ရင်...ကောင်လေးကံဆိုးမိုးမှောင်ကျမှာ
ငါသေရတော့မှာ ပါလား.....စီးကျနေတဲ...မျက်ရည်တွေ...
တားဆီးမရတော့ပါဘူး..အဲဒီ အချိန်မှာပဲ.....ကောင်လေးဟာ.
 ဆရာဝန်းကြီးဆီက. ဘောပင် နဲ့ .စာရွက်ကလေးတစ်ရွက်အလျင်စလိုတောင်းပြီး
စာကလေးတစ်စောင်....ရေးဖြစ်အောင်...ရေးမိတော့တယ်....

သူရေးတဲ...စာလေးမှာ....
 ကောင်မလေးရယ်....
...ကျောင်းတက်ချိန်နဲ...ကျောင်းဆင်းချိန်မှာ...စောင့်မျော်ခဲ့တဲ...ရက်တွေဟာ...
2နှစ်နဲ...27ရက်ရှိခဲ့ပါတယ်...
ငါ့ အတွက်...နင်နဲဆုံတွေခွင့်ဟာ..အဲလောက်ပါပဲ..ကောင်မလေးရယ်
 ငါနင့်ကို သိပ်ချစ်တာပဲ..ဟာ...
နင့်အနားက.တစ်ဖဝါးမှ မခွာချင်တဲ့ငါဟာ..
နင်နဲ...အဝေးဆုံးကိုသွားရတော့မယ်ကာင်မလေးရယ်..
ဒီဘဝမှာ...ဒီစာလေးနဲပဲ....နင့်ကို...ချစ်ပါတယ်လို....ပြောပိုင်ခွင့်ရခဲ့တာ
ငါဟာကျေနပ်ပါတယ်...ကောင်မလေးရယ်....
နင့်ရဲ့ ကျန်းမာ.ရေးကိုဂရုစိုက်နော်အစစရာရာ...အဆင်ပြေအောင်နေနော်.....
သိပ်ချစ်တယ်ကောင်မလေးရယ်.........
စာကလေးကို ခေါက်ပီး..အနားက ဆရာဝန်လေးကို ခေါ်ပြီး.အကူညီတောင်းလိုက်ပါတယ်...
((ဆရာ...ဒီစာလေးကို...အမှတ် (...) ဆေးတက္ကသိုလ်..မာန ..မင်းသမီးလေးကို ပေးပေးပါနော်....)))...
မျက်လုံးတွေက...
ထပ်မံ ပွင့်လာခဲပြန်တယ်.....
(..ဟင်.).ငါမသေသေးပါလား...
ကောင်လေး ....မျက်လုံးတွေပွင့်လာခဲ့ပြီး အနီးသို့  ထပ်မံကြည့်ပြန်လည်း....
အဲဒီအခန်း....ဆေးရုံမှာ ....ရှိပြန်သေးတယ်...
““ ငါဘာဖြစ်တာပါလိမ့်. ငါသေပီမဟုတ်လား...””
ကောင်လေးဟာသတိ၇လာတော့အရာရာကို နားမလည်တောဘူး....
  အနားသို့ သိုင်းဝိုင်းကြည့်လိုက်တော့ သူ့ ရဲ အမေ...... 
 ((ကောင်လေး...))...အမေ သားမသေဘူးလားဟင်
 ((အမေ))....သားရယ်...
ဆိုပြီးတော့.ပြောရင်းဆိုရင်းကောင်လေးအမေကပစ္စည်းတစ်ခု..ကောင်လေးကို...ထုတ်ပေးလိုက်တယ်....
  ပြီးတော့ပြောရင်းဆိုရင်အခန်းထဲကထွတ်သွားတယ်
ဘာများပါလိမ့်လို.့...နားမလည်စွာ အမေ ပေးခဲတဲ..ပစ္စည်းလေးကို... အသာကလေး ဖွင့်ကြည့်လိုက်တော..သူအံ့သြသွားတယ်
တစ်ချိန်က ..ကောင်မလေး မိုးရေထဲမှာ...
လဲနေတုန်း...ပေးခဲတဲ...သူ့ ရဲ...ပဝါလေးမလို့ သူအံသြသင့်စွာ...
ပဝါကလေးသို.ထပ်မံ..ဖွင့်ကြည့်လိုက်တော...အထဲမှာ..
စာကလေးတစ်စောင့်   စာထဲမှာ.........
♥♥ ကောင်လေးရယ်...
အသိမပေးပဲနင်ဟာငါ့ကို..ချစ်ခဲ့တယ်....
အသိမပေးပဲ...နင်ဟာ...လောကကြီးက..ထွက်သွားမှာလားဟာ...
နင့်ကို...ငါဟာ...2နှစ်နဲ..27 ရက်သာတွေဆုံခဲ့ရတယ်...
တွေဆုံခဲဖူးတဲ နေ့ ရက်တိုင်မှာ...
ငါဟာ..အလူးလဲရင်ခုန်ရပြီး..အလူးလဲချစ်နေခဲ့မိတယ် ကောင်လေးရယ်...
မာန မကြီးတတ်တဲ့ငါဟာ...ကောင်လေးတွေအတွက်နဲ....လူတိုင်းကို..ငါဟာမာနထားခဲ့တယ်..
တစ်ကျောင်းလုံးမှာ...အမုန်းခံခဲ့တယ်..လောကမှာ..မာနကြီးကြတဲကောင်မလေးတွေမှာ..
တကယ်တော့ အရမ်းချစ်တတ်တဲ..နှလုံးသားတွေလည်း..သူတို့ဆီမှာ...ပိုင်ဆိုင်ကြပါတယ် ဟာ..
တကယ်တော...
ငါ့ရဲ နူးညံ့တဲ့.နှလုံးသားလေးကိုနင်သာအပိုင်ယူသွားတာပါ
ငါဟာ သေပျော်ပါပီ.....
ငါနဲ..မတွေ့ရတဲ...မနက်ဖြန်တိုင်းမှာနင်အစစရာရာဂရုစိုက်ရမယ်နော်....
ကောင်လေးရယ်..... :'(♥
စာဆုံးတော...
သူဟာနားမလည်စွာပဲအနီးနားက...ဆရာဝန်ကို
((ကောင်လေး))...ဆရာ...ဆရာ...
ဒီစာကို ရေးခဲ့တဲ့ ကောင်မလေးကော..ဘယ်မှာလဲ..ဘယ်မှာလဲဆရာ..
ဆရာဝန်ကြီးက...သက်ပြင်းတွေချပြီးတော့
((ဆရာဝန်ကြီး)).....ကောင်လေး...ဆရာ စကားကို ငြိမ်ငြိမ်လေးနားထောင်ပေးနော်...
ကောင်လေးရဲ့..နောက်ဆုံးနေ့ မှာ...
ကောင်မလေးတစ်ယောက်......ဆေးရုံသို ရောက်လာခဲ့တယ်...
ပြီးတော့  မင်းကိုဖက်ပီးတော့...သူ့ ခမျာ တအားငိုယိုရှာတယ်..
ပြီးတော့.ခုချက်ချင်း...ညီမကျောက်ကပ်ကို..ကောင်လေးကို...လှူပေးပါတဲအတင်းပဲ..ပုဆာရှာတယ်...
ဒီလိုနဲ...ဆရာကလည်း...သူ့ ကိုဓာတ်မှန်ရိုက်ကြည့်ပါသေးတယ်..
ကံဆိုးပြန်တော့...အဲဒီကောင်မလေးခမျာမှာ...
ကျောက်ကပ် တစ်လုံးတည်းနဲ့အသက်ရှင်နေတဲ့သူ
ဆရာကလည်း...သူ့ ကို...အကြိမ်ကြိမ်ပြောပါသေးတယ်...
ညီမမှာ...ဒီကျောက်ကပ်ကို...လှူလို မဖြစ်ဘူးလို့တကယ်လို လှူလိုက်ရင်..ညီမသေမှာလေ....
ဒါပေမယ့်သူကမရဘူးအတင်းပူဆာရှာတယ်.....နောက်ဆုံးတော့ကောင်မလေးက
. သူ့ လည်ပင်း သူ ဓားထောက်ပီးတော..
““ ညီမကျောက်ကပ်ကို သူ့ ကိုမလှူပေးရင်ခုချက်ချင်းသတ်သေလိုက်မယ်ဆရာ...:'(”””
သူ့ ခမျာတအားငိုယိုပြီးဆရာတို့ ကို ခြိမ်းခြောက်လာတယ်ဆရာတို့လည်း...ဘယ်လိုမှ မတတ်နိုင်တော့ဘူး.
လူနှစ်ယောက်မှာ...တစ်ယောက်ယောက်တော့.သေဆုံးရတော့မယ်...
အမှားအမှန်ကို.....ခွဲခြားမယ့်...အချိန်တောင် မရလိုက်ပါဘူးသူ့ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ရတယ်ကောင်လေးရယ်...
တကယ်ချစ်လာပြီဆိုရင် အရာရာတိုင်းကိုပေးဆပ်ဖိုးဆိုတာ ဝန်မလေး ကြတော့ပါဘူး ချစ်တဲ့သူတိုင်းထာဝရ ပေါင်းသင်းကြပါစေ...
                                                                         

 
 

Labels:

ဘယ်နှစ်ဦးဖတ်ဖတ်သင်ကဆယ်ဦးမြောက်ပဲ

တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀)ယောက်အား ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည်။ တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည်။

သူဌေးကြီးတပည့်သည် ခရီးထွက်ခွာလာရာ မြစ်တစ်ခု သို့ရောက်လာ၏။ လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏။ ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍ အကြောင်းစုံကိုမေးမြန်းကြည့်သည်
"ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေ ကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့။ အဲဒါ သူအချစ်ကို ရအောင်ကြိုးပမ်းနေရတာဗျ။" အင်းတော်တော် မိုက်မဲတဲ့လူပေပဲ။ ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁)အဖြစ် စာရင်းမှတ်လိုက်လေ၏။


ထိုမြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ ခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။
"ကျူပ်သူငယ်ချင်းပေါ့ မနေ့က ကျူပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့၊ ကျူပ်ကလဲဘယ်ရမလဲ သူလှေကိုငှားပြီး တစ်နေလုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ" သူဌေးကြီးတပည်လည်း အံ့သြစွာဖြင့်ထိုသူ၏ နာမည်ကိုမေးပြီး လူမိုက်နံပါတ်(၂)အဖြစ် စာရင်းမှတ်လိုက်လေသည်။

ထိုနောက်ဆက်လက်ထွက်ခွာလာခဲ့ရာ လူတစ်ယောက်သည် လူတစ်ယောက် သစ်ပင်ပေါ်၌ ရှိနေ၏။ သစ်ခုတ်သမားက ထိုသစ်ပင်ကိုခုတ်လဲနေ၏။ "ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင်ခုတ်လဲနေတယ်" "ကျွန်တော် သစ်ပင်ပေါ်တတ်တာ မဆင်းတတ်လို့ တွေ့တဲ့သစ်ခုတ်သမားပြောပြီး သစ်ပင်လှဲခိုင်းနေတာပါ။ သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ အောက်ရောက်နိုင်မှာပါ။" သူဌေးကြီးတပည့်လည်း အံ့သြသွားပြီး မထူးပါဘူး ဒီလူလဲနာမည်မေးပြီး စာရင်းသွင်းလိုက်ရုံပေါ့။ သူဌေးကြီး တပည့်လည်း နံမည်မေးပြီး လူမိုက် နံပါတ်(၃) အဖြစ်စာရင်းမှတ်လိုက်လေသည်။

ဤသို့ဖြင့် ဆက်လက်ထွက်ခွာလာခဲ့ရာ တောစပ်တစ်နေရာအရောက်တွင် လူတစ်ယောက်သည် ဓားမကိုကိုင်လျှက် တွင်းဝတစ်ခုတွင်ထိုင် နေလေသည်။
"ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ" "ကျွန်တော် မြေကြွက်တစ်ကောင် လိုက်ဖမ်းနေတာပါ။ အခုတွင်းထဲဝင်သွားလို့ပါ။ ကြွက်ထွက်လာအောင်စောင့်နေတာပါ။ ထွက်လာလို့ကတော့ ဟောဒီဓားနဲ့ခုတ်သတ်ဖို့ပါပဲ။" "မထွက်လာရင်ကောဗျာ" "ထွက်လာမှာပါဗျာ၊ ကြွက်ကတွင်းထဲမှာ ကြာကြာဘယ်နေနိုင်ပါမလဲ၊ သူနေရ ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ၊ ကျွန်တော် ကမြေကြွက်သားအရမ်းကြိုက်တယ်လေ။"

သူဌေးကြီးတပည့်လည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄)အဖြစ် မှတ်လိုက်လေသည်။ လူမိုက်စာရင်း ကောက်ရန်ဆက်လက်ထွက်ခွာလာရာ သူဌေးကြီးတပည့်သည် ရွာတစ်ရွာသို့ရောက်လေသည်။

ရွာအဝင်လမ်းတွင် လူတစ်ယောက် လက်နှစ်ဖက်မြောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို တွေ့ရ၏။ "ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက် နာသွားလို့ မထနိုင်ဘူးလား၊ ကျွန်တော် ထူပေးမယ် ဟုပြောပြောဆိုဆိုနှင့် ထိုလူလက်နှစ်ဖက်ကို ကိုင်လိုက်ရာ" "အား မကိုင်နဲ့ မကိုင်နဲ့။ ကျွန်တော့်ကိုထူရင် ချိုင်းကမပြီး ထူပေး" ဟုပြောလေ၏။
သူဌေးကြီးတပည့်လည်း ထိုလူပြောသည့်အတိုင်း ချိုင်းကမပြီးထူပေးလိုက်လေ၏။ သို့သော် လက်နှစ်ဖက်က မြောက်မြဲအတိုင်းမြောက်နေ၏။ "ခင်ဗျားလက်နှစ်ဖက်က ချလို့မရဘူးလား အကြောကပ်နေတာလား။" "မဟုတ်ဘူး၊ ကျွန်တော် သေတ္တာဝယ်မလို့ မြို့ပေါ်တတ်လာတာ၊ အဲဒါအိမ်က သေတ္တာအဟောင်းအတိုင်းကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ၊ မတော်တဆ ချော်လဲပြီး မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါတယ်။"
သူဌေးကြီးတပည့်လဲ ထိုသူနံမည်မေး၍ လူမိုက်နံပါတ် (၅)အဖြစ် သတ်မှတ်လိုက်လေသည်။ ပြီးတော့ သူဌေးကြီးတပည့်လည်း ရွာထဲသို့ဝင်လာလေ၏။

လမ်းခရီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည်ကိုတွေ့ရ၍ အကြောင်းစုံကိုမေးကြည့်၏။ "ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးကအတူတူ ထွက်လာတာမို့ တစ်ယောက်တစ်ဝက် ပိုင်သင့်တယ်လို့" "မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက ပိုပြီးရသင့်တာပေါ့၊ မဟုတ်ဘူးလားဗျာ" "နေပါဦး ခင်ဗျားတို့က အဲဒီငွေထုပ်ကို ကောက်ရထားလို့လား" "မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာပါ"
ချက်ချင်းပင် ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး စာရင်းသွင်းလိုက်၏။ လူမိုက်နံပါတ်(၆) နှင့် လူမိုက်နံပါတ်(၇) ဟု စာရင်းမှတ်လိုက်၏။

ထိုနောက် သူဌေးကြီးတပည့်လည်း အကြောင်းအရာ အဖြစ်အပျက်များနှင့် တကွလူမိုက် (၇)ဦး၏ နာမည်စာရင်းများ ကိုပေးအပ်လိုက်လေ၏။

သူဌေးကြီးလည်း သူတပည့်တင်ပြသော စာရင်းအားကြည့်၍ "ငါကောက်ခိုင်းတာက ဆယ်ဦးကွ၊ မင်းကောက်ခဲ့တာ ခုနှစ်ဦးပဲရှိသေးတယ်၊ သုံးဦးလိုသေးတာပဲ။"

"ဆယ်ဦးပြည့်ပါတယ် သူဌေးမင်း၊ ကျန်တဲ့ သုံးဦးက ၊ ဘာမှ အရည်မရအဖတ်မရ လူမိုက်စာရင်းကောက်ခိုင်းတဲ့ သူဌေးမင်းနဲ့ လူမိုက်စာရင်း လိုက်ကောက်တဲ့ ကျွန်တော်ရယ်၊ ဘာမှ အရည်မရအဖတ်မရ ဘာဗဟုသုတမှ မရှိတဲ့ ဒီပိုစ့်ကို ဖတ်တဲ့လူရယ်ပေါင်းလိုက်ရင် ဆယ်ဦးပြည့်တာပေါ့ သူဌေးမင်းရယ်တဲ့၊"
ဟာသအနေနဲ့ တင်လိုက်ပါသည်။ အားလုံးကို ခင်မင်လေးစားလျှက်...
မူရင်း...By Khon Thiha Thit မှ ကူးယူဖော်ပြပါသည်။

Tuesday, January 20, 2015

အရမ်းချစ်တယ်ကွာ...   အာဘွားးးးးးးးးးးးးးး      ခ်ခ်............

Thursday, January 15, 2015

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/1381696_423430201144623_521026138067: ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။“ဟေ့ကောင်ကြ...

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/1381696_423430201144623_521026138067: ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြ...
: ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။ “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ..အေးဆေးပဲလား” “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေ...

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ..အေးဆေးပဲလား”
“ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”
“ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…”
“ကျွေးပါတယ်ဆရာရယ်…”

“အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”
“မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”
“ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”
“ဆ..ဆရာ…စိတ်မဆိုးရဘူးနော်..ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”

“အေးပါ…မြန်မြန်ပြောစမ်းပါ…”
“ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”
“ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”
“ဟုတ်…ဟုတ်…သေသွားပြီဆရာ..”
“ဟေ!!!!….”
“သူကတော့ပင်ပန်းပြီးသေတာဆရာ”
“ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”
“မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”
“ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”
“ဟို..ဟိုလေ….မီးလောင်လို့…”
“ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”
“ဆရာ.အိမ်ပေါ့ဆရာရယ်”
“ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”
“ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”
“…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”
“ဆရာ့အမေ….”
“ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲ့..ဟ..သူခိုးဟ..ဆိုပြီး..
.အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့ ရိုက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”
“ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်…”…..
“တိန်—

Labels:

chat off လုပ်ပီး နင် ပုန်းတယ်
busy   လုပ်ပီး နင်ရက်စက်တယ်
unvisible လုပ်ပီး နင်ကျူနေတယ်
ငါမသိသလို ဟန်ဆောင်လိုက်မယ်
ငါဆက်ပီး နုံအ လိုက်မယ်
နင်ငါ့ကို မုန်းတယ် မပြောမချင်းပေါ့.............  

Labels:

Monday, January 12, 2015

အားလုံးမင်္ဂလာပါ   blog အသစ်ကနေကြိုဆိုပါတယ်